မြန်မာနှင့်အရှေ့တီမောအသင်း သရေကျ

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ AFC Suzuki Cup ခြေစစ်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ပွဲဦးထွက်အဖြစ်  အရှေ့တီမောအသင်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ကစားခဲ့ရာမှာ ဂိုး မရှိ သရေကျခဲ့ပါတယ်။ 141014bအဲဒီနေ့မှာ ကစားခဲ့တဲ့ လာအိုနဲ့ဘရူးနိုင်းပွဲစဉ်မှာတော့ လာအိုက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အမှတ်အများဆုံး ၂ သင်း က ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာ က ၁ ပွဲ ကစား ၁ မှတ်၊ လာအိုက ၂ ပွဲနိုင် ၆ မှတ်၊ အရှေ့တီမောက ၁ ပွဲနိုင် ၁ ပွဲ သရေနဲ့ ၄ မှတ်၊ ဘရူနိုင်းက ၂ ပွဲ ရှုံးထားပြီး အမှတ်မရဘဲ ကမ္ဘောဒီးယားအသင်းက ၁ ပွဲ ကစားပြီး အမှတ်မရသေးပါဘူး။ ဆူဇူကီးဘောလုံးပြိုင်ပွဲကို စင်ကာပူနဲ့  ဗီယက်နမ်က ပူးတွဲ အိမ်ရှင်အဖြစ် နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up