မော်ရင်ဟို ရင်ဘတ်ကိုတွန်းလိုက်မိမှု အာစင်ဝင်းဂါး တောင်းပန်

894
အာဆင်နယ်အသင်း မန်နေဂျာ အာဆင်ဝင်ဂါးက ချဲလ်ဆီးအသင်း မန်နေဂျာ ဂျိုဆေးမော်ရင်ဟိုကို တွန်းလိုက်တာကို နောင်တရတယ်လို့ ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ အာဆင်နယ်က ချဲလ်ဆီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ ချဲလ်ဆီးအသင်းအတွက် သတ်မှတ်ပေးထားတဲ့ ဧရိယာထဲကို ၀င်ရောက်ပြီး မော်ရင် ဟိုရဲ့ ရင်ဘတ်ကို ၀င်းဂါးက တွန်းလိုက်တာ ဖြစ်ပါတယ်။
ဒီလို မတုံ့ပြန်သင့်သလို ဒီလို အကြမ်းဖက် လက္ခဏာပါတဲ့ အပြုအမူအတွက်အမြဲတမ်းနောင်တရသလို တောင်းပန်ပါတယ်လို့ ၀င်ဂါးက ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ဂယ်ရီကာဟေလ်းက အာဆင်နယ် ရှေ့တန်းက အဲလက်စ်ဆန်းချက်ကို စိန်ခေါ်ခဲ့အပြီး ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲအပြီး ၀င်းဂါးက တောင်းပန်စရာမလိုဘူးလို့ ပြောဆိုခဲ့သလို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ကလည်း တစုံတရာ အရေးယူခဲ့ခြင်း မရှိပါဘူး။
