မြန်မာအသင်း အီရန်ကို ရှုံးနိမ့်ပေမယ့် ကွာတိုင်းဖိုင်နယ်ကို တက်ရောက်

အာရှယူ ၁၉  ချန်ပီယံရှစ် အုပ်စု (အေ)မှာ နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက အီရန်ကို ၂ ဂိုးဂိုးမရှိနဲ့ ရှုံးပေမယ့်လည်း ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အုပ်စုတွင်းမှာ ထိုင်းက ယီမင်ကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်လို့ အုပ်စု ပထမ၊ မြန်မာက ဒုတိယနဲ့ ကွာတားကို တက်ရောက်သွားတာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ မြန်မာနဲ့ ယီမင်တို့ ၄ မှတ်ချင်း တူပေမယ့် သွင်းဂိုး ကွာခြားချက်ကြောင့် မြန်မာက နောက်တဆင့်ကို တက်နိုင်တာပါ။ mya_irn_afcu19s14_action_300x200မြန်မာအသင်းဟာ အီရန်ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိသလို နောက်တန်း သမားတွေလည်း အမှားအယွင်း များခဲ့ပါတယ်။ အီရန်အသင်းကို ကိုယ်ခန္ဓာ ကြံ့ခိုင်မှု အပိုင်းမှာလည်း မယှဉ်နိုင်ဖြစ်ခဲ့ပြီး  ဂိုးသမား မျိုးမင်းလတ် လက်စွမ်းပြနိုင်လို့သာ ကွာတားကို တက်ရောက်နိုင်တာပါ။ မြန်မာဟာ ကွာတားအဆင့်မှာ အုပ်စု (ဘီ) က ပထမရတဲ့ အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။ အုပ်စု ဘီမှာ လက်ကျန် တပွဲစီ ရှိနေတဲ့ ဥဇဘက်ကစ္စတန်နဲ့ သြစတြေးလျအသင်းတို့က ၄ မှတ်စီနဲ့ ဦးဆောင်နေပါတယ်။ မြန်မာအသင်းဟာ ကွာတားမှာ အနိုင်ရလို့  ဆီမီးဖိုင်နယ်ကို ရောက်ရင် လာမယ့် ၂၀၁၅ မှာ ဖီဖာရဲ့ ယူ ၂၀ ပြိုင်ပွဲကို ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။

More News
Up