ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် မျက်နှာဖုံးစွပ်ထားသူများ ပဋိပက္ခဖြစ်

ဟောင်ကောင်ဆန္ဒပြသူတွေရဲ့ အရံအတားတွေကို ဟောင်ကောင်ရဲတွေ စတင်ဖယ်ရှားချိန်မှာ မျက်နှာဖုံးဝတ်ထားသူတွေနဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြသူတွေ ဒီနေ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုကရေစီ ရရှိရေးအတွက် ဆန္ဒပြသူတွေ ပိတ်ဆို့ထားတဲ့ ဟောင်ကောင်စီးပွားရေးအချက်အချာ အက်မရတီဆန္ဒပြစခန်းမှာ ဖြစ်ပွားခဲ့တာပါ။ ရဲတွေ အရံအတား ဖယ်ရှားချိန်ကို အခွင့်အရေးယူပြီး မျက်နှာဖုံးဝတ် ၁၀၀ ကျော်က အတင်းဝင်ရောက်ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ရဲတွေက ဆန္ဒပြစခန်းတခုလုံးကို ဖယ်ရှားဖို့ အစီအစဉ်မရှိဘဲ လမ်းပိတ်ဆို့မှုကို ဖြစ်စေတဲ့ အရံအတားတွေကိုပဲ ဖယ်ရှားတာလို့ ဆိုပါတယ်။ ဆန္ဒပြသူတွေကို မပြောဆိုပဲ ဖြုတ်သိမ်းခဲ့တာက လွဲလို့ ပြဿ  နာမတက်ခဲ့ပါဘူး။ လူဆိုးဂိုဏ်းအဖွဲ့ဝင်ပုံ ပေါက်နေတဲ့ မျက်နှာဖုံးဝတ်တွေက မာကြောတဲ့အရာတခုနဲ့ ရိုက်နှက်လို့ ဆန္ဒပြသူတဦး ခေါင်းဒဏ်ရာရသွားတယ်လို့ ကျောင်းသူတဦးက ပြောဆိုပါတယ်။  ရဲတွေက နှစ်ဖက်ပဋိပက္ခတွေကို ဖျန်ဖြေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ဆနပြကျောင်းသားခေါင်းဆောင်တွေနဲ့ ဟောင်ကောင်အာဏာပိုင်တွေ ဆွေးနွေးအဖြေရှာဖို့ စီစဉ်ခဲ့ပေမယ့် ကျောင်းသားတွေက ဆန္ဒပြပွဲတွေ ဆက်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟောင်ကောင်အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။ [gallery ids="67683,67684,67685,67686,67687,67688,67689,67690,67691,67692,67693,67694"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up