အောက်တိုဘာ ၁၂ ရက်နေ့ အာရှယူ ၁၉ ချန်ပီယံရှစ် ရလဒ်များ

အိုမန်နှင့်မြောက်ကိုရီးယားတို့ ယှဉ်ပြိုင်နေစဉ်
မြန်မာက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အာရှယူ ၁၉  ချန်ပီယံရှစ် အုပ်စု (ဒီ) ပွဲစဉ်တွေကို အောက်တိုဘာ ၁၂ ရက်နေ့က ၀ဏ္ဏသိဒ္ဓိကွင်းမှာ ယှဉ်ပြိုင်သွားပါတယ်။ ပထမပွဲမှာ အိုမန်နဲ့ မြောက်ကိုရီးယားတို့ ၁ ဂိုးစီ သရေ ကျသွားပါတယ်။ ခြေရည်တူ အသင်းတွေ ဖြစ်လို့ အပြန်အလှန် ထိုးဖောက် ကစားနိုင်ပေမယ့် အိုမန်က အခွင့်အရေး ပိုရခဲ့တာပါ။ [caption id="attachment_67629" align="alignright" width="300"]အိုမန်နှင့်မြောက်ကိုရီးယားတို့ ယှဉ်ပြိုင်နေစဉ် အိုမန်နှင့်မြောက်ကိုရီးယားတို့ ယှဉ်ပြိုင်နေစဉ်[/caption] ဒီပွဲသရေကျလို့ ၂ သင်းစလုံး ၁ ပွဲသရေ၊ တပွဲရှုံးနဲ့ ၁ မှတ်ပဲ ရသေးလို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ များနေပါတယ်။ အုပ်စု (ဒီ) ဒုတိယပွဲမှာလည်း ကာတာနဲ့ အီရတ်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲသရေကျကြောင့် ၂ သင်းစလုံး ၄ မှတ်စီနဲ့  အုပ်စုတွင်းမှာ ဦးဆောင်နေပြီး ကွာတားဖိုင်နယ်ကို တက်ဖို့ အခြေအနေကောင်းသွားပါတယ်။ အာရှယူ ၁၉  ချန်ပီယံရှဏ် အုပ်စု (ဘီ) ဒုတိယပွဲစဉ်တွေမှာ သြစတြေးလျက အင်ဒိုနီးရှားကို ၁ ဂိုး ဂိုးမရှိ၊  ယူအေးအီးနဲ့ ဥဇဘက်ကစ္စတန်အသင်းတို့က ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ အင်ဒိုနီးရှားက အုပ်စုတွင်းမှာ  ကစားထားတဲ့ ၂ ပွဲလုံး ရှုံးလို့ ပြိုင်ပွဲကနေ ထွက်သွားရပါပြီ။ ကျန်တဲ့ ဥဇဘက်ကစ္စတန်၊ သြစတြေးလျနဲ့ ယူအေအီးတို့ကတာ့ ကွာတားဖိုင်နယ် တက်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရှိနေပါတယ်။ အုပ်စု (ဘီ) မှာ ပထမနဲ့ ဒုတိယ ရတဲ့အသင်းတွေဟာ မြန်မာအသင်းပါတဲ့ အုပ်စု (အေ)က ပထမ၊ ဒုတိယရတဲ့ အသင်းတွေနဲ့ ကွာတားဖိုင်နယ်မှာ ဆုံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up