အိန္ဒိယအရှေ့ဘက် ဆိုင်ကလုန်းမုန်တိုင်းနှင့် ရင်ဆိုင်နေရ

အိန္ဒိယ နိုင်ငံ အရှေ့ဘက် ကမ်းခြေဒေသမှာလည်း ဟတ်ဟတ် Hudhud ဆိုင်ကလုန်း မုန်တိုင်းနဲ့ ရင်ဆိုင်နေရပါတယ်။ အောက်တိုဘာ ၁၁ ရက်အထိ လူဦးရေ ၁ သိန်းခွဲဝန်းကျင်ကို ဘေးလွှတ်ရာကို ကယ်ထုတ်ခဲ့ရပါတယ်။ 141012090302-india-cyclone-story-topမုန်တိုင်းဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း လုပ်ကိုင်တဲ့ ကျေးရွာတွေကို ၀င်ရောက်တဲ့အချိန်အထိ အားပြင်းဖွယ် ရှိတယ်လို့ မုန်းလေ၀သဌာနက ခန့်မှန်းထားပါတယ်။ ကမ်းခြေဒေသကို ဖြတ်သန်းတဲ့အချိန် တနာရီမှာ ၁၂၀ မိုင် အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအချိန်ဟာ ဘင်္ဂလာပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပေါ်တတ်တဲ့ အချိန်ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ အသေအပျောက်၊ အပျက်အစီးနဲ့ လျပ်စစ်မီးနဲ့ တယ်လီဖုန်း ဆက်သွယ်ရေး၊ ဆက်သွယ်ရေးပြတ်တောက်တာတွေ မကြာခဏကြုံရလေ့ရှိတဲ့ကာလဖြစ်ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေဟာ မုန်တိုင်းအကြိုကာလမှာကတည်းက ရိက္ခာခြောက်တွေ၊ ကယ်ဆယ်ရေးစခန်းတွေ၊ သောက်ရေသန့် ဆေးပြားတွေနဲ့ မီးစက်တွေကို အသင့်ပြင်ဆင်ထားပါတယ်။

More News
Up