လိပ်ကျွန်းလူသတ်မှု ထင်ကြေးဖြင့်ရေးသားမှုများ ရပ်တန့်ရန် ထိုင်းဝန်ကြီးချုပ် သတိပေး

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအလုပ်သမား ၂ ယောက်နဲ့ ပက်သက်ပြီး  မီဒီယာတွေအနေနဲ့ ထင်ကြေးနဲ့ ရေးသားတာတွေကို ရပ်တန့်ကြဖို့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ဘန်ကောက်မြို့ကို အောက်တိုဘာ ၁၁ ရက်နေ့က ပြန်လည်ရောက်ရှိလာစဉ် လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ THAILAND-BRITAIN-CRIME-TOURISMထိုင်းဝန်ကြီးချုပ်က ဒီအမှုကို စုံစမ်းတဲ့သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် လုပ်စေလိုတယ်လို့လည်း ပြောပါတယ်။ နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ အမှုဖြစ်တဲ့အတွက် တရားခံ မဟုတ်ရင် ဘယ်သူကမှ ဖမ်းဆီးရဲမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ၂ ရက်ကြာ မြန်မာ ခရီးစဉ်အတွင်းမှာတော့ ထိုင်းဝန်ကြီးချုပ်က  မြန်မာ ၂ ယောက်ဟာ တရားခံတွေလို့ တိတိကျကျ မသတ်မှတ်နိုင်သေးဘဲ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာ ယုံကြည်မှုရအောင်  မျှမျှတတ ကိုင်တွယ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အစိုးရကနေ ပြည်ထောင်စုအဆင့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ထိုင်းကို စေလွှတ်သွားဖို့ ရှိတယ်ဆိုပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

More News
Up