ဟောင်ကောင်အရေး ၀င်မစွက်ဖက်ရန် တရုတ်ပြော

ဟောင်ကောင်တွင် ဒီမိုကရေစီရရှိရေး တောင်းဆိုဆန္ဒပြနေကြစဉ်
ဟောင်ကောင် အရေးမှာ နိုင်ငံခြား အစိုးရတွေ၊ လူပုဂ္ဂိုလ်တွေ ၀င်မစွက်ကြဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဒီနေ့ပြုလုပ် ဘေဂျင်း ပုံမှန်သတင်းစာပွဲမှာ ပြောပါတယ်။ [caption id="attachment_67468" align="aligncenter" width="475"]ဟောင်ကောင်တွင် ဒီမိုကရေစီရရှိရေး တောင်းဆိုဆန္ဒပြနေကြစဉ် ဟောင်ကောင်တွင် ဒီမိုကရေစီရရှိရေး တောင်းဆိုဆန္ဒပြနေကြစဉ်[/caption] တရုတ်ပြည်ဆိုင်ရာ အမေရိကန် ကွန်ဂရက်အလုပ်မှုဆောင် ကော်မရှင်က နောက်ဆုံးထုတ်ပြန်ထားတဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဟောင်ကောင်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းရေး ကိစ္စတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေးနဲ့ တရားရေး အခြေအနေဟာ ပြီးခဲ့တဲ့ တနှစ်လုံးမှာ တိုးတက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက  ဟောင်းလီက “အမေရိကန် အဖွဲ့အစည်းတခုက ထုတ်ထားတဲ့ အစီရင်ခံစာဟာ အချက်အလက်တွေကို လိုရာဆွဲပြီး တရုတ်ကို ပစ်မှတ်ထား တိုက်ခိုက်ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် မကျေနပ်ပါဘူး။ ဒါကြောင့် ကော်မရှင်အနေနဲ့ လွဲမှားတဲ့ အပြုအမူကို ရပ်တန့်က ရပ်ပါ၊ တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူကို ရပ်တန့်ပါ” လို့ ပြောပါတယ်။ ဟောင်ကောင်ဟာ တရုတ်ပြည်ရဲ့ အထူးအုပ်ချုပ်ခွင့်ရ နယ်မြေထဲက တခုဖြစ်လို့ ဟောင်ကောင်း အရေးဟာလည်း တရုတ်ပြည်တွင်းရေးဖြစ်တယ်လို့ ဆိုပါတယ်။ “စင်ထရယ်သိမ်း လှုပ်ရှားမှုဟာလည်း တရားမ၀င်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဗဟိုအစိုးရဟာ ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်၊ ဒီလို အပြုအမူတွေဟာ ဟောင်ကောင်ရဲ့ ဥပဒေကို ချိုးဖောက်ရာရောက်ပြီး လူမှုအသိုင်းအ၀ိုင်းမှာ မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်” လို့ မစ္စတာ ဟောင်းလီက ဆိုပါတယ်။ လက်ရှိ အစိုးရက အခြေအနေကို ဥပဒေနဲ့ အညီ ကိုင်တွယ်ေ်နတာကိုလည်း ဗဟိုအစိုးရက ထောက်ခံတယ်လို့ ပြောပါတယ်။

More News
Up