အီဘိုလာကပ်ဘေး အေအိုင်ဒီအက်စ်လို မဖြစ်ရန် အမေရိကန် သတိပေး

အီဘိုလာရောဂါကပ်ဘေးဟာ အေအိုင်ဒီအက်စ်ရောဂါကပ်ဘေးလို မဖြစ်ဖို့ အမေရိကန် ထိပ်တန်းကျန်းမာရေးအရာရှိက သတိပေးလိုက်ပြီး အီဘိုလာရောဂါ ကာကွယ်ရေးကို တကမ္ဘာလုံးက အလျင်အမြန် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Photo EPA“နှစ်ပေါင်း ၃၀ ကြာ လူထုကျန်းမာရေးကိစ္စတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ကာလမှာ အခု အီဘိုလာ ကပ်ဘေးလိုမျိုး ကြုံခဲ့ရတာတခု က အေအိုင်ဒီအက်စ်ပါပဲ။ ဒါကြောင့် ဒုတိယ အေအိုင်ဒီအက်စ် မဖြစ်ဖို့အတွက် လုပ်ရမယ်” လို့ အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာ သောမက်ဖရီဒန်းက ၀ါရှင်တန်မှာ ပြုလုပ်တဲ့ အလှူရှင်တွေနဲ့ အစည်းအဝေးမှာ ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မတ်လကစလို့ အဆိုအရ လူ ၄ ထောင်လောက်ဟာ အီဘိုလာရောဂါကြောင့် သေဆုံးသွားပြီ ဖြစ်လို့ ရောဂါကူးစက်ခံရသူတွေထဲက ထက်ဝက်လောက် သေဆုံးသွားတဲ့ သဘော ဖြစ်ပါတယ်။ အီဘိုလာရောဂါဟာ အရည်ကတဆင့်၊ တခြားနည်းလမ်းမျိုးစုံကတဆင့် ကူးစက်တဲ့ ရောဂါ ဖြစ်ပြီး အလျင်အမြန် ပြောင်းလဲနေကြောင်း၊ ဒါကြောင့် ရောဂါနှိမ်နင်းရေးဟာ အချိန်ကြာလိမ့်မယ်လို့ ပြောပါတယ်။

More News
Up