ပညာရေးပြုပြင်ပြောင်းလဲရန် ချီလီကျောင်းသားများ ဆန္ဒပြ

ချီလီနိုင်ငံမြို့တော် ဆန်ဒီယာဂိုမြို့မှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ မြို့လယ်လမ်းမတလျှောက် ချီတက်ပြီး ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုနေကြပါတယ်။ 1411813-1024x682ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာမှာ ကျောင်းသားတွေကို ပါဝင်ခွင့် မပေးဘဲ ပြင်ဆင်ခဲ့လို့ ဆန္ဒပြခဲ့ကြတာပါ။ ချီလီတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မာလီဆာ စီပယ်ဗီဒါက အရင်က ဆန္ဒပြပွဲတွေကြောင့် ကျောင်းသားလှုပ်ရှားမှု ပိုပြီး အားကောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီလို ချီတက်ပွဲတွေကတဆင့် ကျောင်းသားစင်တာတွေ၊ ကျောင်းသား ကော်မရှင်တွေ၊ အဖွဲ့တွေ၊ တက္ကသိုလ်အလိုက်နဲ့ ကောလိပ်အလိုက် ပေါ်ခဲ့တယ်လို့ ရှင်းပြပါတယ်။ ဒါကြောင့် လမ်းပေါ်မှာ ချီတက်တာဟာ ပညာရေးပြုပြင်ပြောင်းလဲမှုတခုအတွက် သာမက၊ လူ့အဖွဲ့အစည်းတခုလုံး ပြောင်းလဲဖို့၊ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဖြစ်ဖို့ လှုပ်ရှားမှုတစုံလုံးမှာ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ပြောပါတယ်။ ကျောင်းသားတွေဟာ ချီလီသမ္မတ မီချဲလီ ဘာချာလတ်ရဲ့ ပုံတူကိုလည်း မီးရှို့ပြခဲ့ပြီး ပညာရေး ပြုပြင်ပြောင်းလဲရေး ကတိက၀တ်အတိုင်း ဆောင်ရွက်ခြင်း မရှိဘဲ တုံ့ဆိုင်းနေတာကို စိတ်မရှည်တော့တဲ့ သဘောပြသခဲ့ကြပါတယ်။ တချို့ နေရာတွေမှာ ကျောင်းသားတွေနဲ့ ရဲအဖွဲ့တို့ ရုန်းသုန်းကား အခြေအနေတွေ ပေါ်ပေါက်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။ ကျောင်းသားတွေက ရဲကားတွေကို ပုလင်းတွေ၊ တုတ်တွေနဲ့ ပစ်ခဲ့ပြီး ရဲတွေက မီးသတ်ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။

More News
Up