ပရီးမီးယားလိဒ်အသင်းများ ဗြိတိန်နိုင်ငံပြင်ပ အပိုပွဲ ကစားရန် UEFA ခွင့်ပြုမည်မဟုတ်

ဂီယန်နီ အင်ဖန်တီနို
1.1K
ပရီးမီးယားလိဒ်အသင်းတိုင်း ဘောလုံးရာသီအပြီး အပိုပွဲအဖြစ် ၃၉ ပွဲမြောက် စုစုပေါင်း ၁၀ ပွဲကို ဗြိတိန်နိုင်ငံပြင်ပမှာ ကစားဖို့ အစီအစဉ်ကို UEFA က လက်မခံလောက်ဘူးလို့ UEFAရဲ့ အထွေထွေအတွင်းရေးမှူး ဂီယန်နီ အင်ဖန်တီနို (Gianni Infantino) က ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ပြောဆိုပါတယ်။
[caption id="attachment_67385" align="alignright" width="339"]
ဂီယန်နီ အင်ဖန်တီနို[/caption]
ပရီးမီယားလိဒ်က ဒီအစီအစဉ်ကို ဆက်လုပ်ချင်တယ်ဆိုရင် UEFA နဲ့ ဆွေးနွေးရမယ်လို့ ပြောဆို ပါတယ်။
ဒီအစီအစဉ်ကို ၂၀၀၈ ခုနှစ်က ပရီးမီယားလိဒ်က အဆိုပြုခဲ့ပေမယ့် UEFA က ငြင်းဆန်ခဲ့ပါတယ်။
UEFA ရဲ့ အထွေထွေအတွင်းရေးမှူး ဂီယန်နီ အင်ဖန်တီနိုက “UEFA ရဲ့ ရပ်တည်ချက်ကို ကြည့်ရမှာပါ။ အရင်ဆုံးဖြတ်ချက်ကို ပြင်လိမ်မယ်လို့ သိပ်မထင်ပါဘူး။ ကမ္ဘာ့ဘောလုံးအုပ်ချုပ်မှုပုံစံဟာ ပစ်ရမစ်ပုံစံ ဖြစ်တယ်ဆိုတာကိုလည်း သတိချပ်ရမှာ ဖြစ်ပြီး ဒီလို ကိစ္စမျိုးတွေကို ပုံစံတကျ ဆောင်ရွက်ရမှာပါ” လို့လည်း ပြောဆိုပါတယ်။
UEFA ဥက္ကဋ္ဌ ပလာတီနီကတော့ ဒီအယူအဆကို လက်မခံပဲ ဘောလုံးအတွက် လည်း ကောင်းတဲ့ကိစ္စ မဟုတ်လို့ ဖီဖာကလည်း ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
ဒီ ၃၉ ပွဲမြောက်ပွဲမြောက်အစီအစဉ်ကို UEFA က လက်မခံဘူး ဆိုပေမယ့် FIFA အုပ်ချုပ်မှုအောက်မှာ မရှိတဲ့နိုင်ငံတွေနဲ့ ဒေသတွေမှာ ပရီးမီယာလိဒ်က ဖြစ်အောင် ကျင်းပမယ်ဆိုရင် UEFA က တားမြစ်ခွင့်ရှိမှာ မဟုတ်ပါဘူး။
