Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် ဗိုလ်ချုပ်မှူးကြီး တောင်းဆို
DVB
·
October 10, 2014
လိပ်ကျွန်းလူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ထိုင်နိုင်ငံ ဒုဝန်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။ min aung hlaingလိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊  မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးဖို့၊ "အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ် မပေးမိရန် လိုသည်" ဟူသော ဥပဒေစကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေလိုကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပါဝင်တဲ့ ချစ်ကြည်ရေးအဖွဲ့နဲ့ ကာချုပ် မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိတွေ အောက်တိုဘာ ၉ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံကြစဉ် ပြောကြားလိုက်တာပါ။ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ဦးဆောင်တဲ့ ချစ်ကြည်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံကို ၂ ရက်တာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်ကလည်း လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အချက်အလက်များ ရရှိရေး၊ အမှန်တရားရှင်းရှင်းလင်းလင်း သိရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်လို့ ပြန်လည် ပြောကြား ခဲ့ကြောင်း နိုင်ငံပိုင် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024