အီဘိုလာ ကူးစက်ခံ စပိန်သူနာပြု အခြေအနေကောင်းမွန်

စပိန်သူနာပြုဆရာမ
အီဘိုလာရောဂါ ကူးစက်ခံထားရတဲ့ စပိန်သူနာပြုဆရာမက သူ့ကျန်းမာရေး ပြန်ကောင်းလာနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က စပိန် ရုပ်မြင်သံကြားလိုင်းတခုကို တယ်လီဖုန်းကတဆင့် ဖြေကြားခဲ့ပါတယ်။ သူနာပြု တာရီစာ ရိုမီယိုဟာ အာဖရိတိုက်အပြင်ဘက်မှာ အီဘိုလာရောဂါ ပထမဆုံး ကူးစက်ခံရသူ ဖြစ်ပါတယ်။ romero-nurse-spain_3065523b copyသူနာပြုဆရာမ ရိုမီယိုဟာ စက်တင်ဘာ ၂၇ ရက်နေ့ကစလို့ အီဘိုလာရောဂါ ကူးစက်ခံရ တဲ့ ရောဂါလက္ခ ဏာတွေ ကို တွေ့ခဲ့ ရပြီး အောက်တို ဘာ ၆ ရက်နေ့မှာတော့ အီဘိုလာရော ဂါကူးစက်မှု အပေါင်း လက္ခ ဏာကို တွေ့ရှိ ခဲ့ရတာပါ။ မက်ဒရစ်မြို့မှာ ရှိတဲ့ အမှတ် ၃ ကားရို့စ်ဆေးရုံ ကြိုတင်ကာကွယ်ရေး ဆေးရုံကို ဖုန်းဆက်ခဲ့ပေမယ့် ဆေးရုံက အရေးတယူ ဆောင်ရွက်တာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ သူ့ကျန်းမာရေး ဆိုးလာတဲ့အချိန်ကျတော့မှ ဆေးရုံက သူ့အိမ်ကို လူနာတင်ယာဉ် လွှတ်လိုက်တာလို့ ပြောပါတယ်။ ကျန်းမာရေးလုပ်သား သမဂ္ဂအရာရှိတွေကလည်း ရိုမီယိုဟာ ကိုယ်အပူချိန် ၃၈ ဒသမ ၆ ဒီဂရီကို ကျော်နေလို့ ဆေးရုံဝန်ထမ်းတွေကို ဖုန်း ၃ ကြိမ် ဆက်ခဲ့ပေမယ့် ဆေးရုံက အရေးတယူ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ရိုမီယိုဟာ အာဖရိကမှာ အီဘိုလာရောဂါ ကူးစက်ခံရပြီး စပိန်ကို ပြန်ပို့လိုက်တဲ့ ဓမ္မဆရာ နှစ်ယောက်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရင်းနဲ့ ကူးစက်ခံရတာ ဖြစ်ပြီး ဘယ်ပုံဘယ်နည်း ကူးစက်ခံရသလဲဆိုတာကိုတော့ ကျန်းမာရေးအရာရှိတွေက ဆက်လက်စုံစမ်းနေပါတယ်။ သူ စောင့်ရှောက်ပေးခဲ့ရတဲ့ ဓမ္မဆရာ ၂ ယောက်လုံး နောက်တော့ သေဆုံးသွားခဲ့တာပါ။ ရိုမီယိုရဲ့ ခင်ပွန်း ဂျက်ဗီယာ လီမွန်ကိုလည်း သံသယနဲ့ ဆေးရုံမှာ စောင့်ကြည့်နေပြီး အီဘိုလာရောဂါလက္ခဏာ မတွေ့ရသေးပါဘူး။ သူနာပြုဆရာမနဲ့ ပြောဆိုဆက်ဆံဖူးတဲ့ လူ ၂၂ ယောက်ကိုလည်း သီးသန့်ခွဲထားပြီး အနီးကပ် စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးအရာရှိတွေက  ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up