အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့ဒီမိုကရေစီဖြစ်စဉ် ဆွေးနွေးမည်
DVB
·
October 9, 2014
အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒယ်နီရယ် ရပ်ဆဲလ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ မြန်မာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေ ဆွေးနွေးမှာဖြစ်ပါတယ်။
သူဟာ နေပြည်တော်မှာ နိုဝင်ဘာ ၉-၁၀ ရက်နေ့ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး တက်ရောက် မှာ ဖြစ်ပြီး ပြင်ဆင် ထားမှုတွေကိုလည်း ဆွေးနွေးကြမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါဘယ်။
ဒယ်နီရယ် ရပ်ဆဲရဲ့ အောက်တိုဘာ ၄ ရက်ကနေ ၁၁ ရက်နေ့ အာရှခရီးစဉ်အတွင်း တောင်ကိုးရီးယား၊ ဂျပန်တို့ကိုလည်း သွားရောက်ခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ သူဟာ ၀ါရှင်တန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။