တီဘီရောဂါတိုက်ဖျက်ရေး 3MDG က ဒေါ်လာ ၁၁.၅ သန်း ကူညီမည်
DVB
·
October 9, 2014
ဆေးယဉ်ပါး တီဘီရောဂါတိုက်ဖျက်ဖို့အတွက် 3MDG က ကျန်းမာရေးဝန်ကြီးဌာနကို ရန်ပုံငွေ ဒေါ်လာ ၁၁.၅ သန်း ထောက်ပံ့မှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ကျန်းမာရေးအန်ဂျီအိုဖြစ်တဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၃ မျိုး ရန်ပုံငွေအဖွဲ့ (3MDG)နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ရန်ပုံငွေသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံဝင်းထဲက ကျန်းမာရေးဦးစီးဌာန ရောဂါတိုက်ဖျက်ရေး (Disease Control) ရုံးမှာ ဒီနေ့ကျင်းပ ပြုလုပ်မယ်လို့ သိရပါတယ်။
အဆိုပါ 3 MDG အဖွဲ့ဟာ မြန်မာနိုင်ငံမှာ မိခင်နဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေအတွက်လည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် အသုံးပြုသွားမယ်လို့ သိရပါတယ်။