လိပ်ကျွန်းလူသတ်မှု ထိုင်းလူမှုရေးကွန်ရက် ၃ ခု အွန်လိုင်းတိုက်ပွဲ ဆင်နွှဲ
DVB
·
October 8, 2014
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ အဖွဲ့ ၃ ဖွဲ့ဟာ အွန်လိုင်း တိုက်ပွဲ အပြန်အလှန်ဆင်နွဲနေပါတယ်။
ဒီအထဲမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ လွဲမှားမှုတွေနဲ့ တရားမျှတမှုအတွက် ရေးသားနေတဲ့ CSI LA၊ အစိုးရဘက်ကနေ ရပ်တည်ရေးသားနေတဲ့ အန်ချလီပရာရတ်နဲ့ အစိုးရပြုတ်ကျရေးအတွက် ရေးသားနေတဲ့ ဒရမ်မာ အက်ဒစ် ဖေ့ဘွတ် စာမျက်နှာတွေဖြစ်တဲ့အကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။
CSI LA ကို ကြိုက်နှစ်သက်သူက ၂ သိန်း ၆ သောင်းကျော်၊ အန်ချလီပရာရတ်က ကြိုက်နှစ်သက်သူ ၁ သိန်း ၂ သောင်းနဲ့ ဒရမ်မာအက်ဒစ်ကတော့ ၅ သိန်း ၂ သောင်းကျော် ရှိနေပါတယ်။
လူမှုရေးကွန်ရက် ၃ ခု အွန်လိုင်း လင့်တွေကတော့ https://www.facebook.com/CSILA90210၊https://www.facebook.com/paireerak၊ https://www.facebook.com/DramaAdd တို့ ဖြစ်ပါတယ်။