ကမ္ဘာ့ဖလား အဂတိလိုက်စားမှု အစီရင်ခံစာ ထုတ်ပြန်ရန် ဘက်ကင်ဘောင်ဝါပြော

၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ် မဲပေးရွေးချယ်ရာမှာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိထားတဲ့ ဂါစီယာရဲ့ အစီရင်ခံစာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က တရားဝင် ထုတ်ပြန်သင့်တယ်လို့ ဂျာမန်ရဲ့ ဂန္ထ၀င် ဘောလုံးသမားကြီး ဖရန့် ဘက်ကင်ဘောင်ဝါ (Franz Beckenbauer) က ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ ပြောဆိုပါတယ်။ [caption id="attachment_67193" align="alignright" width="427"]Beckenbauer ဘတ်ကင်ဘောင်ဝါ[/caption] ၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ဖလားကျင်းပခွင့်ကို ရုရှားနိုင်ငံနဲ့ ကာတာနိုင်ငံတွေကို ဘက်လိုက် မဲပေးတယ်ဆိုပြီး ဖီဖာအပေါ် ပြင်းပြင်းထန်ထန် စွပ်စွဲပြစ်တင်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။ ၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှား၊ ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံတို့ကို ကျင်းပခွင့် ပေး လိုက်ပြီး နောက်ပိုင်းမှာ ဂျာမန်ဘောလုံး သမားဟောင်းကြီး ဘတ်ကင်ဘောင်ဝါကလည်း ဖီဖာအုပ်ချုပ်မှုကော်မတီကနေ နုတ်ထွက်ခဲ့ပါတယ်။ ဖီဖာအပေါ် စွပ်စွဲချက်တွေကို စုံစမ်းဖို့ အမေရိကန်ရှေ့နေ မိုက်ကယ် ဂါစီယာ (Michael Garcia)ကို ဖီဖာက စုံစမ်းရေးကော်မတီရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ(Sepp Blatter)က ဒီတွေ့ရှိချက်တွေကို လျှို့ဝှက်ထားဖို့ ပြောပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပလာတီနီ (Platini) ကတော့ ဖီဖာကို အခုထက်ပိုပြီး ထင်သာမြင်သာ ရှိဖို့ တိုက်တွန်းထားပါတယ်။ ဒီစုံစမ်းတွေ့ရှိချက်တွေကို ထုတ်ပြန်ဖို့ သူမှာ အခွင့်အာဏာမရှိဘဲ ဖီဖာကသာ ဆုံးဖြတ်ရမှာလို့ ပြောဆိုခဲ့ပါတယ်။ ဘက်ကင်ဘောင်ဝါကိုယ်တိုင်လည်း ဂါစီယာရဲ့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ဖီဖာရဲ့ ကျင့်ဝတ်ကော်မတီရဲ့ ခဏတာ အရေးယူခံခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up