ရီးရဲလ်တိုက်စစ်မှူး ဘေးလ် ဝေးလ်တနှစ်တာ အကောင်းဆုံးဆု ရရှိ

937
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါရတ် ဘေးလ်ဟာ ဝေးလ်ဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားပါတယ်။
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဝေးလ်ရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ၅ နှစ်အတွင်းမှာ ၄ ကြိမ်မြောက် ရရှိတာပါ။
ဘေးလ်ဟာ ရီရဲလ်မက်ဒရစ်ကို ၂၀၁၃ ဘောလုံးရာသီမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရောက်ရှိခဲ့ပါတယ်။
စရောက်တဲ့ ပထမရာသီမှာပဲ ခြေစွမ်းနိုင်ခဲ့သလို ကိုပါဒယ်ရေ ဖလား ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။
