ရှောကဲ နည်းပြအဖြစ် ဒီမတ်တီရိုကို ခန့်အပ်

797
ဂျာမန်ဘွန်ဒတ်စ်လီဂါ ကလပ် ရှောကဲက နည်းပြသစ်အဖြစ် ရောဘတ်တို ဒီ မတ်တီရိုကို ခန့်အပ်လိုက်ပါတယ်။
ရှောကဲဟာ ဒီနှစ်ရာသီအစပိုင်းမှာ ရလဒ်တွေ မကောင်းဖြစ်နေလို့ ကယ်လာရဲ့ နေရာမှာ ချဲလ်ဆီးနည်းပြဟောင်း အီတလီလူမျိုး ဒီမတ်တီရိုကို အစားထိုး ခန့်အပ်လိုက်တာပါ။
ရှောကဲဟာ ကစားပြီးတဲ့ ၁၀ ပွဲမှာ ၂ ပွဲပဲ အနိုင်ရသေးတာ ဖြစ်ပြီး ဂျာမန်ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
ဒီမတ်တီရိုဟာ ချဲလ်ဆီးမှာ နည်းပြလုပ်တဲ့ ၂၀၁၂ ကာလအတွင်းမှာ ချန်ပီယံလိဂ်ဖလား ပထမဆုံးအကြိမ်အဖြစ် ရယူပေးနိုင်သလို အက်ဖ်အေဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရှောကဲနည်းပြသစ် ဖြစ်လာတဲ့ ဒီမတ်တီရိုဟာ ကစားသမားဘ၀တုန်းက လာဇီယိုနဲ့ ချဲလ်ဆီးမှာ ကစားခဲ့ဖူးပြီး အီတလီလက်ရွေးစင်အသင်းအတွက်တော့ ၃၄ ပွဲ ကစားပေးထားပါတယ်။
