အကျဉ်းသားများ ပြန်လွတ်မြောက်မှုမြင်ကွင်း
DVB
·
October 7, 2014
နိုင်ငံတ၀ှမ်းက အကျဉ်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)အရ ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လူသား ချင်း စာနာထောက်ထားမှုတွေကို အလေးထားတဲ့အနေနဲ့ မြန်မာနိုင်ငံသား ၃၀၁၅ ဦးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် နိုင်ငံခြားအကျဉ်းသား ၅၈ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ အစိုးရပိုင်သတင်းတွေက ထုတ်ပြန်ပါတယ်။
[gallery ids="67067,67066,67065,67064,67063,67062,67061,67060,67059"]