Home
သတင်းတို
မှောင်ခိုဖမ်း ဧရိယာ တိုးချဲ့
DVB
·
October 7, 2014
အကောက်အခွန်မဲ့ တရားမ၀င် တင်သွင်းလာတဲ့ မှောင်ခိုကုန်ပစ္စည်းတွေကို စစ်ဆေးပြီး ဖမ်းဆီး အရေးယူနေတဲ့ Mobile Team အဖွဲ့ဟာ အခု အောက်တိုဘာလဆန်းကစ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် နဲ့ ဂေါဝိန် ဆိပ်ကမ်းတွေမှာလည်း စစ်ဆေး အရေးယူတာတွေ လုပ်နေပြီလို့ ကြေညာပါတယ်။ mobile team copyMobile Team အဖွဲ့တွေဟာ နဂိုက တရုတ်နယ်စပ် မူဆယ်- မန္တလေး လမ်းကြောင်း၊ ထိုင်းနယ်စပ် မြ၀တီ-ရန်ကုန် လမ်းကြောင်း၊ ရန်ကုန်လေဆိပ် နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေမှာ တရားမ၀င် ကုန်ပစ္စည်းတွေ စစ်ဆေးနေရာကနေ အခု မန္တလေးဘက်ကို မှောင်ခိုဖမ်း ဧရိယာ တိုးချဲ့လာတာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ရတာဟာ တရားမ၀င် ကုန်သွယ်မှု တားဆီးရေးနဲ့ အခွန်ငွေ တိုးတက်ရရှိဖို့ ရည်ရွယ်တယ်လို့ Mobile Team ကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024