ကိုလံဘီယာ ဘာသာရေးဆုတောင်းပွဲ မိုးကြိုးပစ်ခံရ၊ ၁၁ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံမြောက်ပိုင်းက ဒေသခံလူမျိုးစုတွေရဲ့ ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က မိုးကြိုးပစ်ခံရလို့ လူအနည်းဆုံး ၁၁ ဦး သေဆုံးသွားပါတယ်။ ဘာသာရေးဆုတောင်းပွဲတခု လုပ်နေတဲ့အချိန်မှာ အခုလို မိုးကြိုးပစ်ခံရတာလို့ ကိုလံဘီယာစစ်တပ်က ပြောဆိုပါတယ်။ indexမိုးကြိုးပစ်ခံရတဲ့နေရာဟာ ဒေသခံလူမျိုးစုတွေ အများအပြားနေထိုင်တဲ့ ဆီရီယာ နီဗာဒါ (Sierra Nevada) တောင်တန်းဒေသဖြစ်ပြီး လူ ၁၀ ယောက်ကျော်လည်း အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။ ကိုလံဘီယာသမ္မတ ဂျူအန့် မန်နျူရယ် ဆန်းတို့စ် (Juan Manuel Santos) က သေဆုံးသွားသူတွေအတွက် ၀မ်းနည်းကြောင်း ပြောဆိုပါတယ်။ ဒဏ်ရာရသူတွေကို အနီးဆုံး ဆန်တာ မာတာ (Santa Marta) မြို့ ဆေးရုံကို တင်ပို့ ကုသထားပါတယ်။ ဒေသခံလူမျိုးစုများအရေး အာဏာပိုင်တဦးက “ကိုလံဘီယာ တောင်တန်းဒေသတွေမှာ မိုးကြိုးပစ်မှုတွေ ရှိပေမယ့် အခုလို့ အင်အားပြင်းပြီး လူ ၁၀ ကျော် သေဆုံးသွားရတဲ့ အဖြစ်မျိုးတော့ သိပ်မတွေ့ဖူးဘူး။ ဆုတောင်းပွဲလုပ်နေတဲ့နေရာတည့်တည့်ကို မိုးကြိုးပစ်တာ” လို့ ပြောဆိုပါတယ်။ အစိုးရက အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့တဖွဲ့ကိုလည်း အဲဒီနေရာကို စေလွှတ်မယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up