ဟောင်ကောင်ဆန္ဒပြသူဦးရေ လျော့နည်းသွားပြီး နိုင်ငံ့ဝန်ထမ်းတချို့ ရုံးပြန်တက်

ဟောင်ကောင်လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေ ဆက်ရှိနေသေးပေမယ့် ဒီနေ့မှာတော့ ဆန္ဒပြသူဦးရေ သိသိသာသာ လျော့နည်းခဲ့ပြီး နိုင်ငံဝန်ထမ်းတွေ ရုံးပြန်တက်ခဲ့ကြပါတယ်။ HKဆန္ဒပြသူတွေက အစိုးရရုံးတွေ ပုံမှန် အလုပ်လုပ်နိုင်အောင် ပိတ်ဆို့မှုတွေကို အောက်တိုဘာ ၆ ရက်နေ့မှာ ဖွင့်ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာတော့ ဟောင်ကောင်ဆန္ဒပြပွဲကို အင်အားသုံး ဖြိုခွင်းခဲ့တဲ့ ၁ ပတ်တင်းတင်းပြည့်မြောက်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆန္ဒပြသူတွေကို လိုအပ်သလို ရှင်းလင်းသွားမယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့တာကြောင့် ဆန္ဒပြသူဦးရေလည်း သိသိသာသာလျော့နည်းခဲ့တာပါ။ ဟောင်ကောင်တက္ကသိုလ်က ဆရာနဲ့ ဆရာမတွေလည်း ကျောင်းသူနဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ကြဖို့လည်း ပြန်ခေါ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ ဟောင်ကောင်အစိုးရနဲ့ ဆန္ဒပြခေါင်းဆောင်တွေကြား စေ့စပ်ပွဲကလည်း မအောင်မြင်ပဲ ပြီးဆုံးခဲ့ပါတယ်။ ၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြောက်ဖို့ ဟောင်ကောင်ပြည်သူတွေက မျှော်မှန်းခဲ့ကြပေမယ့် တရုတ်အစိုးရက သူတို့ချပေးသူတွေထဲကပဲ ရွေးချယ်ကြဖို့ သြဂုတ်လကုန်က ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီနယ်ဖြစ်တဲ့ ဟောင်ကောင်ကျွန်းကို တရုတ်ပြည်မကြီးက ပြန်လည်လွှဲပြောင်းရယူတော့ ဒီရွေးကောက်ပွဲအခွင့်အရေးတွေ အပြည့်နဲ့ တနိုင်ငံ စနစ် ၂ မျိုးဆိုပြီး လွှဲပြောင်းရယူခဲ့တာလည်း ဖြစ်ပါတယ်။

More News
Up