မက္ကဆီကို လူ့အခွင့်အရေးလှုပ်ရှားသူများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများ အမှုမှန်ပေါ်ရေး တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကိုနိုင်ငံမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ရုပ်အလောင်းတွေကို အာဏာပိုင်တွေ စစ်ဆေးနေချိန်မှာ ပျောက်ဆုံးနေတဲ့တက္ကသိုလ်ကျောင်းသား ၄၃ ဦးရဲ့ မိသားစုဝင်တွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသား ၄၃ ဦးပျောက်ဆုံးနေမှုအတွက် အဝေးပြေးလမ်းမကို ပိတ်ပြီး လူ ၁၀၀ ကျော် ဆန္ဒပြခဲ့ကြတာပါ။ [caption id="attachment_66944" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ညက ကျောင်းသားတွေနဲ့ ဒေသခံရဲတွေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးခဲ့ကြတာပါ။ ဒေသခံမူးယစ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ ရဲတွေက ကျောင်းသားတွေကို ဖမ်းခဲ့ပြီး မူးယစ်ဂိုဏ်းလက်ကို အပ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံလုံခြုံရေးတဦးက ပြောဆိုပါတယ်။ နောက်ပိုင်း မူးယစ်ဂိုဏ်းဝင်တွေက သတ်ဖြတ်ပစ်လိုက်တာလို့ လုံခြုံရေးအာဏာပိုင်က ဆိုပါတယ်။ ဆန္ဒပြသူတဦးဖြစ်တဲ့သူက သတ်ဖြတ်ခံရသူတွေဟာ ပျောက်ဆုံးနေသူတွေတွေ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရဲ နဲ့ ကျောင်းသားပဋိပက္ခမှာ လူ ၆ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနဲ့ ပတ်သက်ပြီး ရဲ ၂၂ ဦးအပါအ၀င် လူ ၃၀ ကို ဖမ်းဆီးထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်က နိုင်ငံတွင်းက ရာဇ၀တ်ဂိုဏ်းအကြမ်းဖက်မှုတွေကို အပြီးတိုင် ရှင်းလင်းမယ်ဆိုပြီး တက်လာတဲ့ သမတ အတွက် ဒီကိစဟာ ခေါင်းခဲစရာဖြစ်လာပါတယ်။ ၂၀၀၇ ခုနှစ်ကစလို့ မက္ကဆီကိုရာဇ၀တ်ဂိုဏ်း အကြမ်းဖက်မှုတွေနဲ့ လူ ၁ သိန်းလောက် သေဆုံးခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up