ချေချင်းညာတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရုရှားရဲအရာရှိ ၅ ဦး သေဆုံး

838
ရုရှားနိုင်ငံ ချေချင်းညာမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရုရှားရဲအရာရှိ ၅ ဦး သေဆုံးပြီး တခြား ၁၂ ဦး ဒဏ်ရာရရှိသွားပါတယ်။
ချေချင်းညာ ဒေသတွင်းမှာရှိတဲ့ ဂရော့စနီမြို့ရဲ့ အားလပ်ရက်ပွဲတော်မှာ ဗုံခွဲ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့တာလို့ ရုရှားအေဂျင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ဂရော့စနီမြို့မှာ အားလပ်ရက် ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေရေးခန်းမအနီးမှာ ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီနေ့ဟာ အရင် ချေချင်းညာသမ္မတ အာက်မက် ကာဒ့်ဒီရော့ မွေးနေ့လည်း ဖြစ်ပါတယ်။
အသေခံ ဗုံးခွဲ တိုက်ခိုက်တဲ့သူဟာ အသက် ၁၉ နှစ်အရွယ် လူငယ်တဦး ဖြစ်ပြီး ရဲတွေက သူကို သံသယဖြစ်လို့ စစ်ဆေးဖို့ ကပ်လာချိန် ဖောက်ခွဲခဲ့တာလို့ ရဲက ပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိခေါင်းဆောင် ကာဒ့်ဒီရော့ ဟာ ရုရှားနောက်ခံတဲ့ အရင် သူပုန်ခေါင်းဆောင်တဦး ဖြစ်ပြီး သူ့လက်ထက်မှာ အသေခံဗုံးခွဲဖောက်ခွဲမှုတွေ လျော့နည်းခဲ့ပြီး ချေချင်းညာမှာ တစုံတရာ တည်ငြိမ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၇ ခုနှစ်က ချေချင်းညာခေါင်းဆောင် ဖြစ်လာပြီး ချေချင်းညာစစ်သွေးကြွတွေကို အမြတ်ပြတ် ချေမှုန်းဖို့ သံဓိဌာန်ချထားသူလည်း ဖြစ်ပါတယ်။
ကာဒ့်ဒီရော့ဟာ စစ်သွေးကြွလို့ သံသယဖြစ်ခံရသူတွေ၊ ပျောက်ဆုံးမှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအတွက်လည်း လူအခွင့်အရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်ခံရသူလည်း ဖြစ်ပါတယ်။
