ဟောင်ကောင်အုပ်ချုပ်ရေးမှူး၏ ဆန္ဒပြပွဲများအဆုံးသတ်ရန် သတိပေးချက် ဆန္ဒပြသမားများ ပယ်ချ

ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဆန္ဒပြပွဲတွေကို အဆုံးသတ်ကြဖို့ သတိပေးချက်ကို ဒီမိုကရေစီတောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေက ပယ်ချလိုက်ပါတယ်။ တဖက်မှာလည်း ဟောင်ကောင်မှာ အစိုးရထောက်ခံသူတွေနဲ့ ဒီမိုကရေစီတောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေ ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ထိပ်တိုက်တွေပြီး အခြေအနေတွေ တင်းမာနေပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး လျန်ချန်ယင်း က အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာရင် ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူ့အဖွဲ့အစည်း တည်ငြိမ်ရေးအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။ 271435-hong-kong-protests-inline08-reutersမောင်းကွခ်မြို့နယ်ထဲမှာ နှစ်ဖက်အုပ်စု ဆိုးဆိုးရွားရွား ဖြစ်လာရင် တားဆီးနိုင်ဖို့ ရဲလုံခြုံရေးလည်း တိုးထားပါတယ်။ ဒီရက်တွေအတွင်း ရုတ်ရုတ်သဲသဲ အခြေအနေတွေ ရှိနေပေမယ့် ဆန္ဒပြသမားတွေကတော့ ဆက်ပြီး ဆန္ဒပြမယ်လို့ ပြောပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးရဲ့ အောက်တိုဘာလ ၄ ရက်နေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာ တနင်္လာနေ့ကျရင် အစိုးရ၀န်ထမ်း ၃၀၀၀ ၀န်းကျင် ပုံမှန်အလုပ်လုပ်ပြီး ပြည်သူ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ဟာ အရေးတကြီး လိုအပ်နေတဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဟောင်ကောင်မြို့ခံ တော်တော်များများကတော့ အုပ်ချုပ်ရေးမှူးရဲ့ ကြေညာချက်ဟာ နောက်ဆုံး သတိပေးတာ ဖြစ်နိုင်ပြီး ဒီနေ့ တနင်္ဂနွေနေ့ ညမှာ အင်အားသုံး လူစုခွဲတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ကလည်း အစိုးရထောက်ခံတဲ့ ဆန္ဒပြသမားတွေဟာ ဒီမိုကရေစီ တောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေ ကြားထဲကို တိုးဝင်လာလို့ ရုတ်ရုတ်သဲသဲ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ ရဲအဖွဲ့ရဲ့ ဆောင်ရွက်ချက်ကိုလည်း ဟောင်ကောင်သားတွေက မကျေမနပ် ဖြစ်နေပါတယ်။ ရဲအဖွဲ့ဟာ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် ရာဇ၀တ် ဂိုဏ်းသားတွေနဲ့ လက်ဝါးရိုက်ထားတယ်လို့ တချို့က သံသယ ရှိနေပါတယ်။ ရန်ရှာတဲ့ လူတွေကို မဖမ်းတာနဲ့ အလွယ်တကူ လွှတ်ပေးနေတာကို သံသယရှိနေတာပါ။ ဆန္ဒပြပွဲတွေကြောင့် ပုံမှန်ဆိုရင် ဈေးဝယ်ထွက်သူတွေနဲ့ စည်ကားလေ့ရှိတဲ့ တပတ်လုံး ခြောက်ကပ်နေပါတယ်။ တချို့က စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်နိုင်ဖို့၊ ကျောင်းတွေ ပြန်ဖွင့်ဖို့နဲ့ အလုပ်သမားတွေ လုပ်ငန်းခွင့် ပြန်ဝင်နိုင်ဖို့ သပိတ်လှန်ရင်လှန်၊ ဒါမှမဟုတ် တခြားနေရာကို ပြောင်းရွှေ့စေချင်နေကြပါတယ်။ စက်တင်ဘာလ ၂၇၊ ၂၈ ရက်နေ့မှာ ရဲအဖွဲ့က သပိတ်မှောက်ကျောင်းသားတွေကို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲပေမယ့် ဆန္ဒပြပွဲတွေကတော့ အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆက်ရှိနေပါတယ်။ ပြီးခဲ့တဲ့တပတ်လုံး ဟောင်ကောင်မြို့အနှံ့မှာ ထိုင်သပိတ်တွေ နေရာတော်တော်များများမှာ ပေါ်ပေါက်ခဲ့ပြီး ဟောင်ကောင်မြို့တော်ဝန် နုတ်ထွက်ပေးဖို့နဲ့ ၂၀၁၇ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲစည်းမျဉ်းနဲ့ပတ်သက်လို့ တရုတ်ပြည်မကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြင်ပေးဖို့ တောင်းဆိုနေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up