ယူကရိန်းအစိုးရတပ်နှင့် ခွဲထွက်ရေးများကြား အပစ်ရပ်သဘောတူထားပေမည့် ပစ်ခတ်မှုများ ဖြစ်ပေါ်ဆဲ

832
ယူကရိန်းမှာ အစိုးရ စစ်တပ်နဲ့ ခွဲထွက်ရေး သူပုန်တွေကြားမှာ အပစ်ရပ်စဲရေး သဘောတူထားပေမယ့် ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။ နိုင်ငံ အရှေ့ပိုင်းဒေသမှာ အမြောက်ပစ်ခတ် ပေါက်ကွဲတာတွေ ဆက်ဖြစ်နေပါတယ်။
ဒီတပတ်အတွင်းမှာပဲ နိုင်ငံတကာ အကူအညီပေးရေး အလုပ်သမား တယောက်အပါအ၀င် လူတဒါဇင်လောက် သေဆုံးခဲ့ပြီး နောက်ထပ် ဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရတယ်လို့ နယ်ခံ အာဏာပိုင်တွေက ပြောပါတယ်။
ခွဲထွက်ရေး လက်နက်ကိုင်တွေဟာ အစိုးရ စစ်တပ်က မေလကတည်းက သိမ်းထားတဲ့ ဒွန်းညက်မြို့ နိုင်ငံတကာလေဆိပ်ကို ပြန်သိမ်းဖို့ တိုက်ခိုက်နေလို့ မီးခိုးတွေ၊ ပေါက်ကွဲသံတွေကို အဝေးကနေ မြင်နေကြားနေရပါတယ်။
လူနေအိမ်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ ဈေးတွေနဲ့ လေဆိပ်ဆီကို သွားတဲ့ လမ်းတွေလည်း ပျက်စီးကုန်ပါပြီ။ သေနတ်ကျည်ဆံတွေ အမြောက်ဆံတွေ ပလူပျံနေတာကြောင့် နယ်ခံတွေလည်း အိမ်ထဲ အိမ်ပြင်မထွက်ရဲအောင် ဖြစ်နေကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဘီလာရုနိုင်ငံ မင့်စ်ခ်မြို့မှာ အပစ်ရပ်စဲရေး သဘောတူခဲ့သလို စင်တင်ဘာလ ၁၉ ရက်နေ့မှာလည်း အပစ်ရပ်စဲရေးနဲ့ ကြားခံနယ်မြေ သတ်မှတ်ရေး သဘောတူခဲ့ပေမယ့် တိုက်ခိုက်မှုတွေက ဆက်ရှိနေတာဖြစ်ပါတယ်။
