အမေရိကန်အစိုးရ ဗီယက်နမ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ချက် ရုပ်သိမ်း

ဓာတ်ပုံ -ရိုက်တာ
1.1K
[caption id="attachment_66769" align="alignright" width="300"]
ဓာတ်ပုံ -ရိုက်တာ[/caption]
အမေရိကန်အစိုးရက ဗီယက်နမ်ရဲ့ ပင်လယ်ပြင်လုံခြုံရေးကို ကူညီဖို့လို့ ပြောရင်း ဗီယက်နမ်ကို လူသေစေတဲ့ လက်နက်ရောင်းချမှု ကာလကြာရှည်ပိတ်ပင်ချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က တစိတ်တပိုင်း ပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။
ဗီယက်နမ်စစ်ပွဲအပြီး နှစ်ပေါင်း ၄၀ အကြာမှာ ခုလို သမိုင်းဝင်အကွက်ရွှေ့လိုက်တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ပြောခွင့်ရ ဂျန်စာကီက“ကိစ္စရပ်တခုချင်းကို အခြေခံထားတဲ့ လက်နက်ရောင်းချမှုတွေကို ပြန်လုပ်သွားမယ်။ တိုးတက်မှုတွေက နိုင်ငံရေးအကျဉ်းသား ၁၁ ယောက် ပြန်လွှတ်ရေးအပါအဝင် ဗီယက်နမ် နိုင်ငံတွင်းက လူ့အခွင့်အရေးကိစ္စတွေအပေါ် မူတည်ဆုံးဖြတ်မယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
