တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန် ဖော်မြူလာဝမ်းပြိုင်ပွဲကို ထိခိုက်နိုင်

ဂျပန်နိုင်ငံ ဆူဇူကာမှာ ကျင်းပမယ့် ဖော်မြူလာဝမ်း ပြိုင်ပွဲဟာ တိုင်ဖုန်းမုန်တိုင်းကြာင့် ပြိုင်ပွဲကို ထိခိုက်နိုင်တယ်လို့ ယှဉ်ပြိုင်မယ့်သူတွေက ပြောပါတယ်။ formula oneတိုင်ဖုန်းတိုက်ခတ်ရင်တော့ ပြိုင်ပွဲကို ကျင်းပနိုင်တော့မဟုတ်ဘူးလို့ အိန္ဒိယ ကားမောင်းသမား ဆာဂျီအိုပီရက်ဇ်က ပြောပါတယ်။ တိုင်ဖုန်းဟာ ပစိဖိတ် သမုဒ္ဒရာပေါ်မှာဖြစ်နေပြီး စက်တင်ဘာ ၃ ရက်နေ့ လေ့ကျင့်ရေးမှာ မိုးရွာသွန်းနိုင်တယ်လို့ ပြောပါတယ်။ တိုင်ဖုန်းက တကယ်လာခဲ့ရင်တော့ ပြိုင်ပွဲဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပီရက်ဇ်က ပြောပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ မိုးရွာသွန်းဖို့ ဖြစ်နိုင်ချေများသလို ရာသီဥတုက ကားမောင်းပြိုင်ပွဲကို မထိခိုက်နိုင်ဘူးလို့ မျှော်လင့်တဲ့အကြောင်း ပါဝင်ယှဉ်ပြိုင်တဲ့သူတွေက ပြောပါတယ်။ မိုးလေ၀သခန့်မှန်းတဲ့သူတွေက မကြာခင်ရက်ပိုင်းအတွင်း တိုင်ဖုန်းက ဆူဇူကာတောင်ပိုင်းကို ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တိုင်ဖုန်းရဲ့ လမ်းကြောင်းက မရေရာသေးသလို ဂျပန်ကို မ၀င်ရောက် နိုင်ဘူးလို့ ပြောပါတယ်။ ဒီပြိုင်ပွဲမှာ လူးဝစ်ဟယ်မင်တန်နဲ့ နစ်ကိုရိုစ်ဘတ်တို့က ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up