ဟောင်ကောင်အရေး နိုင်ငံတကာ ၀င်မစွက်ဖက်ရန် တရုတ် သတိပေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး
အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အမေရိကန်အပါအ၀င် တခြားနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့ လက်ရှိဟောင်ကောင်အရေးမှာ ၀င်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့ မနေ့က သတိပေးလိုက်ပါတယ်။ [caption id="attachment_66726" align="alignright" width="300"]တရုတ်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး[/caption] နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ နိုင်ငံတိုင်းနိုင်ငံတိုင်း တရုတ်နိင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားရမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာဖြစ်ဖြစ်၊ ဟောင်ကောင်မှာဖြစ်ဖြစ်၊ နိုင်ငံတကာကလိုက်နာရမယ့် အခြေခံစည်းမျဉ်းလည်း ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီနေ့မှာတော့ ဟောင်ကောင်မြို့ရဲ့ စီးပွားရေးအချက်အခြာနေရာတွေကို ဆနပြသူတွေ ဆက်လက် သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။ ဂျွန်ကယ်ရီနဲ့ ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမား၊ အမျိုးသားလုံခြုံရေး အကြံပေးတို့နဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာမှာ အမေရိကန်သမ္မတ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးအတွက် ဆွေးနွေးဖို့ ဖြစ်ပေမယ့် ဟောင်ကောင်ကိစ္စကို ပိုပြီးပြောဆိုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲအပြီး အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဟောင်ကောင်အရေးအခင်းကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး ဟောင်ကောင်ပြည်သူတွေရဲ့မျှော်မှန်းချက်တွေဖြစ်တဲ့ ပွင့်လင်းပြီး တည်ငြိမ်ဖွံ့ဖြိုးတဲ့ နိုင်ငံရေးစနစ်ပေါ်ထွန်းရေး၊ လူတိုင်း လွတ်လွတ်လပ်လပ်မဲပေးခွင့်ရရေးတို့ကို ထောက်ခံအားပေးတယ်လို့ ဖော်ပြထားပါတယ်။

More News
Up