မက္ကဆီကိုနှင့်အမေရိကန်က အလိုရှိနေသည့် မူးယစ်ရာဇာကို ဖမ်းမိ

ဗေဒရာ လေးဗား
895
မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတို့က အလိုအရှိဆုံး မက္ကဆီကိုမူးယစ်ရာဇာတဦးကို မနေ့က ဖမ်းဆီးရမိတယ်လို့ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အသက် ၄၉ နှစ်အရွယ် အိပ်တိုလ်
[caption id="attachment_66705" align="alignright" width="300"]
ဗေဒရာ လေးဗား[/caption]
(Hector Beltran Leyva) ကို မက္ကဆီကိုနိုင်ငံအလယ်ပိုင်းက San Miguel de Allende မြို့ စားသောက်ဆိုင်တ ဆိုင်မှာ သေနတ်တချက်မပစ်ရဘဲ ဖမ်းဆီးနိုင်ခဲ့တာပါ။
ရာဇ၀တ်မှုအများအပြား ကျူးလွန်ထား တဲ့ ဗေဒရာ လေးဗား ဟာ ၂၀၀၉ ခုနှစ်က ညီဖြစ်သူ အက်တူရို (Arturo) ရဲတွေရဲ့ပစ်ခတ်မှု နဲ့ သေဆုံး ခဲ့ပြီးနောက် ပိုင်း ခေါင်းဆောင်ဖြစ်လာတာလို့ ဆိုပါတယ်။
သူ့လို ထိပ်တန်းမူးယစ်ရာဇာတဦးကို ဖမ်းဆီးလိုက်နိုင်တာဟာ မက္ကဆီကိုသမ္မတ အင်ဒရိ ပဲနာ ညဲတို Enrique Pena Neto အတွက် အောင်ပွဲတရပ်လို့ ဆိုကြပါတယ်။
သူ့ကို ဖမ်းဆီးနိုင်ရေး မက္ကဆီကိုနိုင်ငံက ပီဆိုငွေ သန်း ၃၀၊ အမေရိကန်နိုင်ငံကတော့ ဒေါ်လာ ၅ သန်း ဆုကြေးငွေထုတ်ထားတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မက္ကဆီကိုနိုင်ငံက အင်အားအကြီးဆုံး မူးယစ်ဂိုဏ်း ဆီနယ်လိုအာ ကာတယ် (Sinaloa cartel) ရဲ့ ခေါင်းဆောင် ဟော့ကင်း အယ်ချပိုး ဂုမန်း (Joaquin "El Chapo" Guzman) အဖမ်းဆီးခံခဲ့ရပြီး တနှစ်အတွင်း ဗေဒရာ လေးဗား ကို ဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ (ဗေဒရာ လေးဗား ကာတယ်) ရဲ့ မူးယစ်ဆေးဝါးဂိုဏ်းဟာ ဆီနယ်လိုအာ ကာတယ် ဂိုဏ်းကနေ ၂၀၀၈ ခုနှစ်က ကွဲထွက်လာတဲ့ဂိုဏ်းလို့ သိရပါတယ်။
