မိုက်ကရိုဆော့ဖ်က Window 10 ကို စတင်မိတ်ဆက်

ဈေးကွက်ထဲမှာ အောင်မြင်မှု နည်းပါးခဲ့တဲ့ Windows 8 ကို အစားထိုးနိုင်ဖို့ အတွက် မိုက်ကရိုဆော့ဖ်က operating system အသစ် Window 10 ကို စက်တင်ဘာ ၃၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ Screen Shot 2557-10-02 at 3.25.49 PMသုံးစွဲသူတွေကြားမှာ ပေါ်ပြူလာမဖြစ်ခဲ့တဲ့ Windows 8 ကို အစားထိုးဖို့အပြင် ကွန်ပျူတာတွေမှာသာမက မိုဖိုင်းဖုန်း၊ ၀ါယာလက် ကိရိယာတွေ၊ ဒစ်ဂျစ်တယ် တီဗွီတွေမှာလည်း cross platform သုံးစွဲမှုကို ပစ်မှတ်ထားတာမို့ Window ၉ ကို ကျော်ပြီး Window 10 အနေနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ Window 10 ဟာ မိုက်ကရိုဆော့ဖ်ကထွက်တဲ့ ၀င်းဒိုးတွေထဲမှာ ပိုမိုပြည့်စုံတဲ့ ၀င်းဒိုးဗားရှင်းပဲ ဖြစ်ပါတယ်လို့ မိုက်ကရိုဆော့ဖ် အကြီးအကဲ တယ်ရီ မိုင်ယာဆန်က ပြောပါတယ်။ Windows 10 ကို မျက်နှာပြင် ၄ လက်မ စမတ်ဖုန်းတွေကနေ ၈၀ လက်မ နံရံကပ် မော်နီတာတွေအထိ သုံးစွဲနိုင်မယ့် သုံးစွဲမှု မျက်နှာပြင် user interface အပြင်အဆင်ကို လိုသလို ပြင်ဆင်နိုင်စွမ်းရည် ပါရှိတယ်လို့ သူကပြောထားပါတယ်။ Windows 8 တုန်းက အပြင်အဆင်တွေ ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်ပြီး Windows 7 က အပြင်ဆင်တွေကို ပြန်ပါလာတဲ့ အခု Windows 10 မှာ အဓိကကတော့ သုံးစွဲသူအကြိုက် Start button ကို ပြန်လည် ထည့်သွင်းထားပါတယ်။ အပလီကေးရှင်းအကြောင်းကိုတော့ အသေးစိတ် ရှင်းမပြထားပေမယ့် ၀င်းဒိုး စတိုးကထုတ်တဲ့ အပလီကေးရှင်းတွေကို သုံးစွဲရနိုင်ဖွယ်ရှိပါတယ်။ မိုက်ကရိုဆော့ဖ် အနေနဲ့ Windows 10 ကို လာမယ့် ၂၀၁၅ ခုနှစ်ကျမှ ပြုလုပ်မယ့် April Build Conference နောက်ပိုင်းမှာမှ ဈေးကွက်ထဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up