ကမ္ဘောဇဘဏ် ငွေလွှဲခ ထက်ဝက်လျှော့ချ
Published By
DVB | 2 October, 2014
1.4K
0
Share
0
Comment
0
Likes

ကမ္ဘောဇ ဘဏ်ဟာ သူ့ရဲ့ ငွေလွှဲခတွေကို အရင်က ကျပ် တစ်သိန်း ငွေ ၁၀၀ ကျပ်နှုန်း ကောက်ခံနေရာကနေ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ကျပ် ၁ သိန်းကို ငွေကျပ် ၅၀ နှုန်းပဲ ကောက်ခံတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ ငွေလွှဲခ ကို ထက်ဝက်တိတိ လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအတွက် ကမ္ဘောဇဘဏ် အသုံးပြုသူတွေဟာ အရင်က ငွေ ၁၀ သိန်း လွှဲမယ်ဆိုရင် ငွေလွှဲခ ကျပ် ၁၀၀၀၊ ဆက်သွယ်ခ ကျပ် ၅၀၀၊ စုစုပေါင်း ကျပ် ၁၅၀၀ ပေးနေရာကနေ အခု ငွေလွှဲခ ကျပ် ၅၀၀ နဲ့ ဆက်သွယ်ခ ကျပ် ၅၀၀ စုစုပေါင်း ကျပ် ၁၀၀၀ ပဲ ကုန်ကျတော့မှာဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲ အများဆုံး ဖွင့်လှစ်ထားနိုင်တဲ့ ဘဏ်ကြီးဖြစ်ပြီး နိုင်ငံတကာက ပေးအပ်တဲ့ ၀န်ဆောင်မှုကောင်း ဆုတွေကိုလည်း လက်ခံရရှိထားပါတယ်။