အာရှအားကစားပြိုင်ပွဲ ဒိုင်အဆုံးအဖြတ်ကြောင့် အငြင်းပွားဖွယ်ဖြစ်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပွဲတချို့မှာ အောက်တိုဘာ ၁ ရက်နေ့က အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးလက်ဝှေ့ လိုက်ဝိတ်တန်း ဆီးမီးဖိုင်နယ်မှာ အနိုင်ရသင့်တဲ့ အိန္ဒိယနိုင်ငံက ဆာရီတာကို အနိုင်မပေးပဲ အိမ်ရှင် တောင်ကိုရီးယားနိုင်ငံက ပတ်ဂျီနာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ပေးခဲ့တာကြောင့် ဆာရီတာက တတိယကြေးတံဆိပ်ဆုကို လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။ ဆာရီတာရဲ့ လုပ်ရပ်အတွက် လာမဲ့ အောက်တိုဘာ ၄ ရက်နေ့ အာရှအာကစားပွဲအပြီးမှာ အရေးယူခံရဖို့ ရှိပါတယ်။ [caption id="attachment_66680" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]မီတာ ၈၀၀ အပြေးပြိုင်ပွဲမှာလည်း ပထမ၊ ဒုတိယနဲ့ တတိယပန်းဝင်တဲ့ ဆော်ဒီ၊ ကာတာ၊ နဲ့ ဘာရိန်းအပြေးသမားတွေကို စည်းကမ်းနဲ့ မညီဘူးဆိုပြီး စတုတ္ထပန်းဝင်ခဲ့တဲ့ အီရတ်နိုင်ငံက အက်နန် အယ် မက်ဖတ်တ်ဂီ (Adnan Almntfage)ကို ပထမဆုပေးခဲ့ပါတယ်။ ဒါကြောင့် နံပါတ် ၅ နေရာနဲ့ နံပါတ် ၆ နေရာကနေ ပန်းဝင်ခဲ့တဲ့ တရုတ်နိုင်ငံက တောင် ဟိုင်းနင်း (Teng Haining)နဲ့ ကာတာနိုင်ငံက ဂျမယ်လ် ဟိုင်ရနီ (Jamal Hairane)တို့ ဒုတိယနဲ့ တတိယအသီးသီး ရရှိခဲ့ကြပါတယ်။ အငြင်းခံခဲ့ရတဲ့ အပြေးသမားတွေအားလုံး အယူခံဝင်မယ်လို့ သိရပါတယ်။ မီတာ ၁၅၀၀ အမျိုးသမီးအပြေးပြိုင်ပွဲမှာ အီသီယိုးပီးယားနိုင်ငံမှာ မွေးဖွားပြီး ဘာရိန်းနိုင်ငံက နိုင်ငံသားအဖြစ် ပေးခဲ့တဲ့ မရ်ယမ် ယူဆွတ် ဂျမယ်လ် (Maryam Yusuf Jamal)က ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။ အခုအာရှအားကစားပွဲမှာ ရေနံကြွယ်ဝတဲ့အာရပ်နိုင်ငံတွေဟာ အာဖရိကတိုက်သား ကစားသမားတွေကို ငွေနဲ့ ၀ယ်ယူပြီး မွေးစားနိုင်ငံကိုယ်စားပြု ကစားသမားတွေနဲ့ ပြိုင်ပွဲ ၀င်စေခဲ့တဲ့ကိစ္စဟာ လူပြောများတဲ့ကိစ္စ ဖြစ်ခဲ့ပါတယ်။ အာရှအိုလံပစ်ဒုဥက္ကဋ္ဌ ဝေ့ ဇီဒေါင့် (Wei Jizhong)က အောင်မြင်မှုဆုတံဆိပ်တွေကို ငွေကြေးနဲ့ ၀ယ်ယူတာမျိုးတွေကြောင့် တကယ့်မိခင်ကိုယ်စားပြုအားကစားသမား အရည်အသွေး ကျဆင်းလာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။ ရွှေတံဆိပ်ဆုရခဲ့တဲ့ အီသီယိုပီးယားနိုင်ငံသူကတော့ ဇာတိနိုင်ငံက အရေးမကြီးပဲ ကြိုးစားမှုကသာ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

More News
Up