Home
စီးပွားရေး
တယ်လီနော နိုင်ငံခြား ခေါ်ဆိုခ ဈေးသက်သာ
DVB
·
October 2, 2014
TelenorSimcardSale@MDY27092014 နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီဟာ နိုင်ငံပေါင်း ၂၄၀ ကျော်အတွက် သူ့ရဲ့  နိုင်ငံခြား ဖုန်းခေါ်ဆိုခ တွေကို ကြေညာခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးထက် အများကြီး ဈေးနှုန်း သက်သာပါတယ်။ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တို့ကို ၁ မိနစ် ခေါ်ဆိုခ ကျပ် ၂၀၀၊ စာတိုပို့ တစောင် ကျပ် ၃၀ ပဲ သတ်မှတ်ထားပါတယ်။ ကနေဒါနိုင်ငံကို ဆိုရင်တော့ ၁ မိနစ် ကျပ် ၁၀၀ ပဲ ကျသင့်မယ်လို့ ဖော်ပြထားပါတယ်။ မြန်မာ့ဆက်သွယ်ရေး ပြည်ပ ခေါ်ဆိုမှုမှာတော့ ထိုင်းနိုင်ငံ ဆိုရင် ၁ မိနစ် ကျပ် ၉၀၀ လောက် ပေးရပြီး အခြား တိုင်းပြည်တွေဆို ၁ မိနစ် ကျပ် ၃၀၀၀ ကနေ ၄၀၀၀ အထိ ပေးရပါတယ်။ ဒီအတွက် နောက်ပိုင်း ထိုင်း၊ မလေးရှား၊ စင်ကာပူ မှာ အလုပ်သွားလုပ်နေတဲ့ မိသားစုတွေဟာ တယ်လီနော ဆင်းကတ်တွေကို အသုံးပြုဖွယ် ရှိလာနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024