အိုင်အက်စ်အဖွဲ့ကို ညွန့်ပေါင်းမဟာမိတ်တပ်များ လေကြောင်းဖြင့် တိုက်ခိုက်
Published By
DVB | 2 October, 2014
759
0
Share
0
Comment
0
Likes

အမေရိကန်ခေါင်းဆောင်တဲ့ မဟာမိတ်တပ်တွေက တူရကီနယ်စပ်နားက ဆီးရီးယားပိုင်နက် ကာ့ဒ်လူမျိုးတွေရဲ့ ခိုဘာနီမြို့ကို ဝိုင်းထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ မြို့ထဲက ကာ့ဒ်လူမျိုး သတင်းရင်းမြစ်နဲ့ စောင့်ကြည့်ရေးအုပ်စုက ပြောပါတယ်။
ညွန့်ပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့ခင်းအချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
ခိုဘာနီမြို့ကို ကာကွယ်နေတဲ့ ကာ့ဒ်တပ် ဦးစီးမှူးကတော့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ခဲ့တယ်လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေ ကျဆုံးခဲ့တယ်လို့ စစ်မြေပြင်ရောက် ကာ့ဒ်သတင်းရင်းမြစ်အဆိုအရ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ရာမီ အဗ်ဒူရာမန်က ပြောပါတယ်။