အိုင်အက်စ် ပစ်ခတ်မှုကြောင့် တူရကီပိုင်နက်ထဲ မော်တာကျည်ကျ၊ လုံခြုံရေးတင်းကျပ်

ဆီးရီးယားနယ်စပ်မြို့ ခိုဘာနီကို အစ္စလာမ့်မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေက ဝိုင်းထားပြီး ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးကျည်တချို့ တူရကီပိုင်နက်ထဲကို ချော်ပြီး ကျရာက်လာတဲ့အတွက် တူရကီ တင့်ကားတွေနဲ့ သံချပ်ကာ ယာဉ်တွေ နယ်စပ်တလျှောက် နေရာယူထားပါတယ်။ turakiပြည်သူ့စစ်တွေကလည်း လမ်းတွေမှာ စစ်ဆေးရေးစခန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက စပြီး ချထားပါတယ်။ အဝိုင်းခံထားရတဲ့မြို့ထဲ က ဒေသခံအရာရှိတွေကတော့ မြို့စွန် ၆ မိုင်အကွာကနေ အိုင်အက်စ် အဖွဲ့က မြို့ရဲ့ အရှေ့၊ အနောက်နဲ့ တောင်ဘက်တွေကနေ အမြောက်တွေနဲ့ တရစပ် ပစ်နေတယ်လို့ ပြောပါတယ်။ တူရကီပိုင်နက်ထဲ မော်တာကျည် အနည်းဆုံး ၂ လုံးကျအပြီး တူရကီစစ်တပ်က ပြန်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ တူရကီနိုင်ငံထဲမှာ ကာဒစ်ရှ်မွတ်စလင်တွေရဲ့ အခွင့်အရေးအတွက် ခွဲထွက်ဖို့ နှစ် ၃၀ လောက် လက်နက်ကိုင် တော်လှန်ခဲ့တဲ့ စစ်သွေးကြွအုပ်စုဖြစ်တဲ့ ကာဒစ်စတန် အလုပ်သမားပါတီနဲ့ ဆီးရီးယားနိုင်ငံထဲက ကာ့ဒ်လူမျိုးတွေကြား ချိတ်ဆက်မှုတွေကို စိုးရိမ်လို့ တူရကီဟာ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရေး အမေရိကန်ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာ ပါဝင်ဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ထားပါတယ်။ သမ္မတ တာရစ် အာဒိုဂန်ကတော့ တူရကီတပ်တွေဟာ နိုင်ငံတကာက သဘောတူရင် ဆီးရီးယားနိုင်ငံထဲက ဒုက္ခသည်တွေကို ဘေးကင်းအောင် ကူညီမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up