Home
သတင်းတို
တန်ဖိုးနည်းအိမ်ရာ ဆောက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းမည်
DVB
·
October 1, 2014
တနိုင်ငံလုံးမှာ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်သွားမှာ ဖြစ်ပြီး တကယ်လိုအပ်သူ တွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားဖို့ စီစဉ်နေတယ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန “၀န်ထမ်းအိမ်ရာ တည်ဆောက်ရေးနဲ့ ကျေးလက်အိမ်ရာ တည်ဆောက်ရေးအဖွဲ့”က သတင်းထုတ်ပြန်ပါတယ်။ ဒီ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တင်ဒါချပေးတဲ့စနစ် နဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လို တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ အဖွဲ့နဲ့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။ ပူးပေါင်းပါဝင်လိုသူတွေဟာ ကိုယ်ဆောက်လုပ်ချင်တဲ့ မြို့နယ်တွေမှာ ၀န်ကြီးဌာနပိုင် မြေကွက် ရှိ၊ မရှိ အရင်စုံစမ်းနိုင်ပြီး မြေကွက်လည်းရှိ၊ ဆောက်လုပ်ဖို့ ဆန္ဒလည်း ရှိတယ်ဆိုရင် အဆိုပြုလွှာ တင်ရမှာ ဖြစ်ပါတယ်။ ဒီ စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနကို ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) ကလည်း ပူးပေါင်း ကူညီ ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024