သြဂုတ်လတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးဝင်
DVB
·
October 1, 2014
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစ ပထမလေးလ ဧပြီကနေ ဇူလိုင်လ ကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၇၄၀ ကျော်ပဲ ၀င်ခဲ့ပေမယ့် အခု သြဂုတ် တလတည်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် ၀င်လာတာကြောင့် အခုနှစ်အတွက် ပမာဏ အများဆုံး လအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။
[caption id="attachment_45321" align="alignright" width="300"] သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ်[/caption]
ပြီးခဲ့တဲ့ ၄ လတာ အတွင်း ကုမ္ပဏီပေါင်း ၅၀ နီးပါး ရင်းနှီးမြှုပ်နှံခဲ့ပြီး အခု သြဂုတ်လမှာတော့ ကုမ္ပဏီ ၄၀ က ခုလို ပမာဏ အများကြီး ရင်းနှီးမြှုပ်နှံလာတာ ဖြစ်ပါတယ်။
ဒီ ပမာဏ ဟာ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အတွက် အစိုးရရည်မှန်းချက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ပမာဏ ဒေါ်လာ ၆ ဘီလီယံရဲ့ ထက်ဝက်ကို ရောက် လာပြီဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
သြဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ပို့ကုန်လုပ်ငန်း၊ စွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ ဟိုတယ်နဲ့
ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေပါဝင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေတော့ ပါဝင်တာ မတွေ့ရပါဘူး။