ရေကူးချန်ပီယံ မိုက်ကယ်ဖဲစ် အရက်မူးပြီး ကားမောင်းသဖြင့် အဖမ်းခံရ

အိုလံပစ် ရွှေတံဆိပ်ဆုရှင် အမေရိကန်ရေကူး ချန်ပီယံ မိုက်ကယ် ဖဲစ်ဟာ အရက်မူးပြီး ကားမောင်းတဲ့အတွက် စက်တင်ဘာ ၃၀ ရက်နေ့က အဖမ်းခံလိုက်ရပါတယ်။ MICHAEL PHELPSမိုက်ကယ် ဖဲစ်ဟာ သူ နေထိုင်တဲ့ မေရီလန်းက ဘယ်တီမိုးမြို့မှာ မနက်စောစောပိုင်း အဖမ်းခံရတာပါ။ အရက်သောက်ပြီး ယာဉ်စည်းကမ်း မလိုက်နာဘဲ မောင်းနှင်တဲ့အတွက် အဖမ်းခံရတာလို့ မိုက်ယ် ဖဲစ်က သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် ပရိသတ်တွေကို တောင်းပန်ကြောင်းလည်း ရေးသားထားပါတယ်။ အရက်သောက်ပြီး ကားမောင်းတဲ့အတွက် မိုက်ကယ် ဖဲစ်ဟာ ဒုတိယအကြိမ်မြောက်အဖြစ် အဖမ်းခံရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up