အောက်တိုဘာ ၁ ရက် ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
October 1, 2014
အောက်တိုဘာ ၁ ရက်အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၉၉၇ ကျပ်၊ ဥရောပ ၁ ယူရိုကို ၁၂၅၇ ဒသမ ၅၆ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၃ ဒသမ ၇၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၈၀ ဒသမ ၇၉ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၀ ဒသမ ၇၄ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
အကယ်ဒမီရွှေဈေးကတော့ ၀ယ်ဈေး ၆၄၈၈၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေးက ၁၀၀၀ ကျပ်တိတိ ပိုပါတယ်။
ဒီကနေ့ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၀၆ ဒသမ ၄ ဈေးပေါက်ပါတယ်။