ယူကရိန်းကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ရုရှားက အမှုဖွင့်

804
ရုရှားအစိုးရက ယူကရိန်းအရှေ့ပိုင်းက ရုရှားစကားပြောတဲ့ဒေသခံတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအတွက် ယူကရိန်းအစိုးရကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
ရုရှားပြည်ထောင်စုရဲ့ ရာဇဝတ်မှုပုဒ်မ ၃၅၇ အရ ရုရှားထောက်လှမ်းရေး ကော်မတီ ဗဟို ထောက်လှမ်းရေးဌာနက ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်တာ လို့ ကော်မတီပြောခွင့်ရ ဗလာဒီမာ မာကင်က ပြောပါတယ်။
ယူကရိန်းနိုင်ငံရေးနဲ့ စစ်ရေးအကြီးတန်းခေါင်းဆောင်ပိုင်းက ဘယ်သူဘယ်ဝါ မဖော်ပြတဲ့ ကိုယ်စားလှယ်တွေက လက်နက်ကိုင်တပ်တွေ၊ အမျိုးသားအစောင့်တပ်တွေကို အထူးသဖြင့် ရုရှားစကားပြောတဲ့ နိုင်ငံသားတွေကို အပြည့်အဝ သုတ်သင်ဖို့ အမိန့်ပေးခဲ့တယ်လို့ ကြေညာချက်ထဲမှာ ပြောလိုက်တာပါ။
ယူကရိန်းနိုင်ငံတွင်း အပစ်အခတ်ရပ်စဲရေး အခြေအနေ တင်းမာမှုတွေ ပိုမြင့်စေမယ့် အကွက်ရွှေ့မှုအဖြစ် မီဒီယာတွေက သုံးသပ်ပါတယ်။
အနောက်အင်အားကြီးနိုင်ငံတွေက ယူကရိန်းအရေးကြောင့် ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ခဲ့ပြီး ရုရှားကလည်း ဥရောပက စားသောက်ကုန်တင်သွင်းမှု ပိတ်ပင်ချက်နဲ့ တုံ့ပြန်ထားပါတယ်။
