မန်စီတီးက ရိုးမားနှင့်သရေကျပြီး ချဲလ်ဆီးက စပို့တင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရ

ဒီနေ့ မနက်အစောကြီး ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ် အုပ်စုအီးမှာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ အီတလီကလပ် ရိုးမားတို့ ၁ ဂိုးစီ သရေကျပြီး ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ စပို့တင်းကို အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို အက်ဂွာရိုက ပွဲအစ ၄ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူနိုင်တာပါ။ ရိုးမားအတွက် ချေပဂိုးကို တော့တီက သွင်းယူပါတယ်။ အသက် ၃၈ နှစ်အရွယ် တော့တီဟာ ဥရောပပြိုင်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက်ကြီးဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲသရေကျလို့ မန်စီးတီးက ၁ မှတ်နဲ့ အုပ်စု အီးမှာ အဆင့် ၃ မှာ ရှိနေပြီး ရိုးမား ၄ မှတ်နဲ့ အဆင့် ၂၊ ဘိုင်ယန်မြူးနစ်က ၆ မှတ်နဲ့ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးကတော့ အဝေးကွင်းမှာ စပို့တင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို မာတစ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဒဏ်ရာရှိနေတဲ့ တိုက်စစ်မှူး ကော်စတာ ပါဝင် ကစားသွားပါတယ်။ ချဲလ်ဆီးဟာ နိုင်ပွဲ စရလို့ ၄ မှတ်နဲ့ အုပ်စု ဂျီရဲ့  အမှတ်ပေးဇယား ဦးဆောင်ခွင့် ရသွားပါတယ်။

More News
Up