ခွဲထွက်ရေးသူပုန်အဖွဲ့ ပစ်ခတ်မှုကြောင့် ယူကရိန်းစစ်သား ၇ ဦး ကျဆုံး

815
ရုရှားနဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ ယူကရိန်းအရှေ့ဘက် ဒန်ညက်စ်လေဆိပ်နားမှာ ခွဲထွက်ရေးသမားတွေက ယူကရိန်းသံချပ်ကာယာဉ်ကို ပစ်ခတ်ခဲ့လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ယူကရိန်းစစ်သား ၇ ယောက် ကျဆုံးတယ်လို့ စစ်တပ်ပြောခွင့်ရက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ကစတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူအပြီး ၁ ကြိမ်တည်းမှာ ယူကရိန်းစစ်သားအများ ဆုံး သေဆုံးမှု ဖြစ်ပါတယ်။
ညနေပိုင်း တိုက်ခိုက်မှုကြောင့် တင့်ကားကို တိုက်ရိုက်ထိမှန် အပြီး လေထီးစစ်သည်တွေနဲ့ သံချပ်ကာယာဉ် အမှုထမ်းတို့ သေတယ်လို့ ယူကရိန်းစစ်တပ်ပြောခွင့်ရ အန်ဒရေ လတ်စံကိုက မြို့တော်ကိယက်ဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါ တယ်။
ဒန်ညက်စ်နိုင်ငံတကာလေဆိပ်နားမှာ အစိုးရတပ်တွေ တပ်စွဲထားပြီး ဒန်ညက်စ်မြို့ထဲ အဓိကနေရာ တွေမှာတော့ သူပုန်တွေ တပ်စွဲထားပါတယ်။
၂၄ နာရီအတွင်း ယူကရိန်းစစ်သည် ၉ ယောက် သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုအရ ယူကရိန်းသမ္မတ ပတ်ထရို ပိုရိုရှန်ကိုက အပစ်အခတ် ရပ်စဲရေး ဆော်သြခဲ့တာပါ။
သြဂုတ်လက ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲအတွင်း ယူကရိန်းစစ်တပ်က အကြီးအကျယ် ကျရှုံးခဲ့ပြီး ရုရှားတပ်တွေ တိုက်ရိုက်စွက်ဖက်မှုရှိတယ်လို့ ယူကရိန်းအစိုးရက စွပ်စွဲပါတယ်။
ရုရှားက ယူကရိန်းပဋိပက္ခထဲမှာ တိုက်ရိုက်ပါဝင်မှုနဲ့ ခွဲထွက်ရေးသမားတွေကို လက်နက် ထောက်ပံ့မှုပါ မရှိဘူးလို့ ငြင်းပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိတယောက်ကတော့ စက်တင်ဘာ ၂၃ ရက်နေ့အထိ ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူ အယောက် ၃၅၀၀ ကျော်ပြီလို့ ပြောခဲ့ပါတယ်။
