မန်စီးတီးအသင်း ဖိအားဝင်နေလိမ့်မည်ဟု ရိုးမားနောက်ခံလူ ပြော

မန်စီးတီးအသင်းအနေနဲ့ ရိုးမားနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ဖိအားတွေ ၀င်နေလိမ့်မယ်လို့  ရိုးမား နောက်ခံလူ အက်ရှ်လေကိုးလ်က ပြောဆိုလိုက်ပါတယ်။ _76274404_cole_romaစီးတီးဟာ ဒီနေ့ည ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်အတွက် ယှဉ်ပြိုင်ရမှာပါ။ အုပ်စု (အီး) အဖွင့်ပွဲမှာတုန်းက စီးတီးဟာ ဘိုင်ယန်မြူးနစ်ကို ရှုံးထားပါတယ်။ မန်စီးတီးမှာ နာမည်ကြီး ကစားသမားတွေ အများကြီး ရှိနေပြီး အနိုင်ရလိုစိတ်များ နေတဲ့အတွက် ဖိအားတွေ အများကြီး ရှိနေတယ်လို့  အင်္ဂလန် နောက်ခံလူဟောင်း ကိုးလ်က ပြောဆိုလိုက်တာပါ။ ရိုးမားအသင်းကတော့ အုပ်စုအဖွင့်ပွဲမှာ စီအက်စ်ကေအေ မော်စကိုကို အနိုင်ရထားပါတယ်။ အခုပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အုပ်စုကနေ တက်ရေးအတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

More News
Up