နယ်သာလန် စတန့်ပြပွဲ ကားမတော်တဆမှု လူ ၂ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

နယ်သာလန်နိုင်ငံ ဟက်ဂ်စ်ဘယ်ရာဂန်မြို့မှာ စက်တင်ဘာ ၂၉ ရက်နေ့ စတန့်ပြပွဲတခုအတွင်း ပစ်ကပ်ကားကြီးတစီး အရှိန်မထိန်းနိုင်ဘဲ လူအုပ်ထဲ မောင်းဝင်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ vd-truck-408x264အစောပိုင်းကတော့ မြို့တော်ဝန်ကို ကိုးကားပြီး ကလေး ၂ ဦးအပါအဝင် လူ ၃ ဦး သေဆုံးတယ် လို့ ဒေသခံမီဒီယာ က ပြောပါတယ်။ သေဆုံး သူ ဘယ်သူဘယ်ဝါ ဆိုတာ အာဏာပိုင်တွေက အသေးစိတ် မပြောပါဘူး။ မြင်းကောင်ရေ ၁၅၀၀ အားရှိတဲ့ ပစ်ကပ်ကားကြီးဟာ ရပ်ထားတဲ့ ကားတွေပေါ်က ဖြတ်ကျော်မောင်းပြအပြီး ထွန်စက်အရွယ်ဘီးတွေကို ဘရိတ်အုပ်လို့ မရတော့ဘဲ ပွဲကြည့်နေတဲ့ လူအုပ်ထဲ မောင်းဝင်သွားခဲ့တာပါ။ ၆ ဦးကတော့ ဒဏ်ရာပြင်းထန်ပြီး ကားမောင်းသူကို ဖမ်းထားတယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ဒေသခံရဲက ဖော်ပြပါတယ်။ အပျော်တမ်းရိုက်ကူးသူတွေ ရိုက်ကူးထားတဲ့ မတော်တဆဖြစ်ပုံ ရုပ်သံကိုတော့ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်မှာ တင်ထားပါတယ်။ အိမ်နီးချင်း ဂျာမနီနိုင်ငံက သူနာပြုရဟတ်ယာဉ်တစီးအပါအဝင် ဒေသတခုလုံးက သူနာပြုရဟတ်ယာဉ်တွေ အခင်းဖြစ်ရာကို ရောက်လာပြီး ဒဏ်ရာရသူတွေကို အနားက မြို့ ၃ မြို့က ဆေးရုံတွေဆီ တင်ပို့ထားပြီးပြီလို့ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။

More News
Up