ပီရူးတွင် အင်အားပြင်း ငလျင်လှုပ်၊ ၈ ဦး သေဆုံး

1.3K
ပီရူးနိုင်ငံ တောင်ပိုင်း ကျေးလက်ဒေသမှာ မနေ့က ပြင်းအား ၅ ဒသမ ၁ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၈ ဦး သေဆုံးသွားပြီး ပျောက်ဆုံးသူတွေကို ဆက်လက် ရှာဖွေနေပါတယ်။
အန်ဒီယန် ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိမ် ၁၅ လုံးလည်း ပြိုကျပျက်စီးသွားပြီး လူ ၇၅ ဦး အိမ်ရာမဲ့ ဖြစ်သွားတယ်လို့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
ဒေသခံတဦးက သူ့ အိမ်နီးချင်းတွေ သေဆုံးတာရော၊ အိမ်တွေ ပျက်စီးတာရော မြင်ရတာ အခြေအနေဆိုးတယ်လို့ ပြောပြပါတယ်။
ငလျင်ဒဏ်ခံရတဲ့ အိမ်တွေဟာ ၉၅ ရာခိုင်နှုန်းလောက်အထိ ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က အရာရှိတဦးက ပြောပါတယ်။
ငလျင်ကြောင့် ပီရူးရဲ့ အဓိက လုပ်ငန်းတခုဖြစ်တဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းကို ထိခိုက်တဲ့ သတင်းတွေတော့ ထွက်ပေါ်မလာပါဘူး။
