DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story အာရှဒေသ

တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားကျွန်းတွင် အမေရိကန်စစ်စခန်း ဖွင့်ရန်စီစဉ်

  • By DVB
  • 28 September 2014
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ဖိလစ်ပိုင်နဲ့တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ပေကျင်းအစိုးရဟာ မနီလာအစိုးရပိုင်ပါလို့ဆိုထားတဲ့ ကျောက်တန်းတွေကို သိမ်းပိုက်ဖို့ တပ်ဖွဲ့တွေစေလွှတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်အနောက်ပိုင်းက ပါလာဝန်ကျွန်းဟာ နှစ်နိုင်ငံလုံးရဲ့ ပိုင်ဆိုင်ကြောင်း အငြင်းအပွားရဆုံး နယ်မြေဖြစ်ပါတယ်။ ခုဆိုရင် မနီလာအစိုးရဟာ ဒီကျွန်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းဖွင့်ပေးဖို့ စဉ်းစားနေပါပြီ။ ဒါဟာ နှစ်ပေါင်း ၂၀ အတွင်း ဒီနိုင်ငံမှာ အမေရိကန်တွေရဲ့ အမြဲတမ်းစစ်အခြေစိုက်စခန်းဖွင့်ခွင့် ပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။  အာရှဒေသ သတင်းဆောင်းပါးအစီအစဉ်အတွက် ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ကျွန်းမြို့တော် ပူအာတိုပရင်စက်ဆာ ကနေ ဂျေဆန်စထရော့သာက ပေးပို့ထားတာဖြစ်ပါတယ်။

ပါလာဝန်ကျွန်းရဲ့ အနောက်ကမ်းရိုးတန်းက မာကာရာစကာ့စ် တံငါရွာလေးရဲ့ ဆိပ်ကမ်းတလျှောက်မှာ ဒေသခံ ရေလုပ်သားတွေဟာ လှေကိုယ်စီနဲ့ ပင်လယ်ပြင်ကို ကြပါတော့မယ်။

တိမ်ကင်းစင်ပြီး နေသာတဲ့နေ့ ဖြစ်တာမို့ ရေလုပ်သားတွေဟာ ရေဘ၀ဲတွေ မက်ကရယ်ငါးတွေ တနင့်တပိုးနဲ့ ပြန်လာနိုင်မယ့် ရာသီအခင်းပါပဲ။

0အသက် ၃၇ နှစ်အရွယ် ကျေးရွာကောင်စီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဂျိန်းဗီလာရင် “ခုဆိုရင် ကျေးရွာလူဦးရေက ၁၇၀၀ ရှိသွားပြီ။ ကျမတို့ရဲ့အဓိက၀င်ငွေရင်းမြစ်က လယ်လုပ်ငန်းနဲ့ ရေလုပ်ငန်းပါပဲ” လို့ ဗီလာရင်က ပြောပါတယ်။

သူတို့ရွာက ရေလုပ်သားတွေနဲ့ ဖိလစ်ပိုင်ရေတပ်က ဒီရေလမ်းကိုပဲ သုံးနေကြတာပါ။

ပင်လယ်အော်ရဲ့တစ်ဖက်မှာ အူလူဂန်ပင်လယ်အော်ရေတပ်စခန်းရှိပါတယ်။ ဒီစခန်းက ကင်းလှည့်သင်္ဘောတွေ ရဲ့ တပ်စွဲရာနေရာပါ။ ဒီစခန်းနဲ့ ၁၆၀ ကီလိုမီတာအကွာမှာ ကျောက်တန်းတွေ၊ ကျောက်ဆောင်တွေ ကျွန်းစုတွေစုဝေးရာ စပရက်လီကျွန်းစု ရှိပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်အပါအ၀င် ဒီဒေသတွင်းက နိုင်ငံတွေဟာ ဒီဒေသပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတာပါ။

ဒီဒေသက အဏ္ဏ၀ါသက်ရှိတွေကြွယ်ဝပြီး နဂိုနေမပျက်သေးတဲ့ သဘာဝရင်းမြစ်တွေ တည်ရှိရာနေရာဖြစ်တယ်လို့ ယူဆထားပါတယ်။ ကမ္ဘာ့ရေကြောင်း ရဲ့ ၅၀ ရာခိုင်နှုန်းဟာ ဒီရေပြင်ကို ဖြတ်သန်းသွားလာနေကြတာဖြစ်ပါတယ်။

“ဒီဒေသက ကျမတို့အဖို့ တံတိုင်းကြီးပါပဲ။ ဒါကြောင့် ဖိလစ်ပိုင်ရေတပ် တပ်စွဲတာကို ကျမတို့က ကြိုဆိုတာပါ” လို့ ဗီလာရင်ကပြောပါတယ်။

ဒီဒေသမှာ အမေရိကန်ရေတပ် တပ်စွဲမှာကိုလည်း သူမက ကြိုဆိုပါတယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။

“ဒီကနေ့ ကျနော်တို့ ၂ နိုင်ငံကြားမှာ အရေးပါတဲ့ ဆက်ဆံရေးကဏ္ဍသစ်နဲ့ လုံခြုံရေးကို စတင်လိုက်နိုင်တဲ့အတွက် အလွန်ကျေနပ်မိပါတယ်”  လို့ အိုဘားမားက ဆိုပါတယ်။

ဧပြီလက အမေရိကန်သမ္မတ ဘာရတ် အိုဘားမားနဲ့ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နိုအကွီနိုတို့ဟာ ကာကွယ်ရေးပူပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးစာချုပ်(အီးဒီစီအေ)ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီစာချုပ်ဟာ ၂၂ နှစ်ကြာ ပိတ်သိမ်းခဲ့တဲ့ အမေရိကန်စစ်တပ်ကို ဖိလစ်ပိုင်မှာ တပ်စွဲခွင့် ပြုလိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အိုဘားမားရဲ့ အဆိုအရ ဒါဟာ အမေရိကန်ရဲ့ ဒေသတွင်းသြဇာ ပြန်လည်တည်ဆောက်တယ်ဆိုတာထက် ပူးတွဲစစ်အခြေစိုက် စခန်းဖွင့်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံအနေနဲ့ အရင် အခြေစိုက်စခန်းတွေ ပြန်ဖွင့်ခွင့်ရဖို့ ဒါမှမဟုတ် စခန်းတွေ ဖွင့်ခွင့်ရဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်နိုင်ငံက ဖိတ်ခေါ်တဲ့အတွက် အမေရိကန်က ဖိလစ်ပိုင်ရေတပ်နဲ့အတူ အလှည့်ကျ တာဝန်ယူသွားမှာ” လို့ အိုဘားမားက ဆိုပါတယ်။

မာကာရာစကာ့စ်ရေလုပ်သားတဦးက “ကျနော့်ကို သူ့လှေနဲ့ အူလူဂန်ပင်လယ်အော် အခြေစိုက်စခန်းနဲ့ အနီးဆုံးထိ ခေါ်သွားပါတယ်။ ဒီပင်လယ်အော်ရဲ့ အတွင်းအကျဆုံးမှာ အွိုက်စ်တာပင်လယ်အော်ဆိပ်ကမ်း ရှိပါတယ်။ ဖွံ့ဖြိုးမှု မရှိသေးတဲ့ ဒီဒေသကို ဖိလစ်ပိုင်အစိုးရက အမေရိကန်ရေတပ်ကို တပ်စွဲခွင့်ပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖိလစ်ပိုင်တပ်မတော်ရဲ့ ပြည်သူ့ရေးရာဌာန အကြီးအမှူး ဒုဗိုလ်မှူးကြီး ရေမွန်ဇာဂလာက “ဒီစခန်းဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်အနောက်ဘက်ပင်လယ်ကို ကာကွယ်နိုင်စွမ်း တိုးမြှင့်ဖို့ပါပဲ” လို့ ပြောပါတယ်။

နှစ်ဘက်အဆိုပြုထားတဲ့ အခြေစိုက်စခန်း ခွဲဝေသုံးစွဲရေးသဘောတူညီချက်မှာ ဘယ်လောက် ကျယ်ပြန့်မယ်။ ဘယ်အချက်တွေ ထည့်သွင်းမယ်ဆိုတာကို ဆုံးဖြတ်ဖို့  စောလွန်းသေးတယ်လို့ သူက ဆိုပါတယ်။

ကျေးရွာခေါင်းဆောင် ဂျိန်းဗီလာရင်က “မာကာရာစကာ့စ်တံငါရွာက လူအများစုဟာ ၁ လကို ဒေါ်လာ ၁၀၀ ပဲ ၀င်ငွေ ရှိပါတယ်။ အမေရိကန်တွေကို ဖိတ်ခေါ်လိုက်တဲ့အတွက် ဒေသိယဘာသာစကားအရ ဘာရန်ဂေးရွာလေးအတွက် အလုပ်အကိုင်အခွင့်အလမ်း တွေ တိုးလာမယ်။ ဘာရန်ဂေးရွာလေးအတွက် ဖွံ့ဖြိုးမယ့် လက္ခဏာတခုပါ။ လုပ်ငန်းတွေ တိုးပြီး အခြေစိုက်ရင် ကျမတို့ ရွာလေး တိုးတက်လာဖို့ ရှိပါတယ်” လို့  ပြောပါတယ်။

ပျားပန်းခပ်လှုပ်ရှားနေတဲ့ ပူအာတိုပရင်စက်ဆာက ဒေသခံအများစုဟာ မစ္စက် ဗီလာရင်လို အတွေးမျိုး ရှိပါတယ်။ သူတို့က အွိုက်စ်တာပင်လယ်အော်စခန်း တိုးချဲ့မှုကို စီးပွားရေးဖွံ့ဖြိုးမှု အလားအလာအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမယ့် ဒီနိုင်ငံနားမှာ အမေရိကန်ရဲ့ ခေတ်မီစစ်သင်္ဘောအုပ်တွေနဲ့ စစ်သည်တွေ လာပြီး အခြေချတာကို လူတိုင်းက နှစ်ခြိုက်နေတာတော့ မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး သမားတွေကတော့ စခန်းနားက လမုတောအပါအ၀င် ပါလာဝန်ကျွန်းရဲ့ နယ်မြေအများစုဟာ ကြိုးကာတောတွေ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ပူအာတိုပရင်စက်ဆာအဏ္ဏ၀ါဥယျာဉ်ရဲ့ လက်ရှိ အကြီးအကဲ အဲလစ်ဇဘက်မကလန်က “အွိုက်စ်တာစခန်းနဲ့ မာကာရာစကာ့စ်တံငါရွာလေးတည်ရှိရာ ပရင်စက်ဆာမြို့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမြေမှာ ခုလို အမေရိကန်စစ်တပ်ကို အခြေစိုက်စခန်း တိုးချဲ့ခွင့်ပြုလိုက်တဲ့အပေါ် ဆန့်ကျင်နေတယ်လို့ သူမက ဆိုပါတယ်။ ဆိပ်ကမ်းသစ် ဆောက်ဖို့ တခြားတပ်ဆင်မှုတွေအတွက် လမုပင်တွေ ခုတ်လှဲခံရမယ့်အဖြစ်လို ထိခိုက်မယ့် အလားအလာတွေကို ဒေသခံတွေအနေနဲ့ ရိပ်စားမိခြင်း မရှိသေးဘူး” လို့ ပြောပါတယ်။

“အခြေခံအဆောက်အအုံတွေ တည်ဆောက်လို့ အလုပ်အကိုင်တွေ ရလာမယ်ဆိုရင် တောင်မှ လမုတောတွေ ခုတ်လှဲပစ်တဲ့အတွက် သူတို့ရဲ့ သက်မွေးမှုဘ၀ကို အကြီးအကျယ် ထိခိုက်မှာပါပဲ။ မာကာရာစကာ့စ်နဲ့ ဘာဟီးလီသာ သဘာပတ်ဝန်းကျင်ခရီးသွားနယ်မြေ ဖြစ်လာရင် သူတို့အတွက် သက်မွေးမှုအလုပ်တခု ထပ်တိုးလာမှာပါ” လို့ မကလန်က ဆိုပါတယ်။

အမေရိကန်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှတ်တမ်းမှာ နာမည်ကောင်း ရှိမထားဘူးလို့ မကလန်က ရှင်းပြပါတယ်။

နှစ် ၁၀၀ နီးပါး တပ်စွဲအပြီး  ၁၉၉၂ ခုနှစ်မှာတော့ အမေရိကန်တပ်တွေဟာ ဖိလစ်ပိုင် နိုင်ငံကနေ တပ်ရုပ်သွားခဲ့ပါတယ်။ လွှဲပြောင်းပေးခဲ့တဲ့တပ်စခန်းဟာ အများကြီးညစ်ညမ်းပြီး ကျန်ရစ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်ရေတပ်သင်္ဘောဟာ ကြိုးကာထားတဲ့ ပါလာဝန်သန္တာ ကျောက်တန်းကို ၀င်တိုက်မိခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအားပေးသူတွေကတော့ အမေရိကန်တွေရဲ့ လုပ်ရပ်ဟာ ဒေသတွင်းအာဏာပိုင်တွေအပေါ် နှပ်ချေးသုတ်သွားတဲ့အဖြစ်ပဲလို့ ဆိုပါတယ်။

ပါလာဝန်မှာ အမေရိကန်တပ်တွေ တပ်စွဲတာဟာ ဒေသခံလူထုအပေါ် မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေမှာပါ။

“အထူးသဖြင့် ပြီးခဲ့တဲ့နှစ်တွေတုန်းက အမေရိကန်တွေ အများကြီးရောက်လာသေးတယ်။ သူတို့က အနားယူဖို့ သက်သက် ရောက်လာကြတာပါ” လို့ ထက်စ် ကဆိုပါတယ်။

အွိုက်စ်တာစခန်း ချဲ့ထွင်ပြီး အမေရိကန်တပ်တွေ တပ်စွဲမယ့်အလားအလာအပေါ် မနီလာ အခြေစိုက် အာရှပစိဖိတ် တရားမ၀င်ကုန်သွယ်မှု တိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာ ယန်းအင်းရစ်ခ်က “ဒီဧရိယာမှာ ရေတပ်စစ်သည်တွေ ရှိနေတာဟာ မှောင်ခိုကုန်ကူးမှုနဲ့ ပြည့်တန်ဆာ လုပ်ငန်းအတွက် ၀ယ်လိုအားရှိလာမယ့်သဘောပဲ။ အဲတော့ အရမ်းကို ဆင်းရဲတဲ့ ပါလာဝန်တ၀ိုက်က တိုင်းရင်းသားတွေနဲ့ ပူအာတိုပရင်စက်ဆာနဲ့ အွိုက်စတာ ပင်လယ်အော်ဆင်ခြေဖုံးဒေသတွေက ကလေးတွေနဲ့ အမျိုးသမီးတွေကို လူကုန်ကူးခံရဖို့ စွဲဆောင်မှုတရပ် ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

အမေရိကန်စစ်အခြေစိုက်စခန်းတွေ ရောက်လာမယ့် ဒီဒေသတွေမှာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ လူကုန်ကူးမှုတွေဟာ ဆိုးဝါးတဲ့ပြဿနာတရပ်ဖြစ်နေဆဲပါ။

သူမနဲ့ အခြားတက်ကြွလှုပ်ရှားသူတွေဟာ ဒီပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာမှာကို စိုးရိမ်ပြီး အမေရိကန်တပ်တွေ ပြန်လည်အခြေစိုက်မှာကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီနှစ်အစောပိုင်းက မနီလာကို လာရောက်လည်ပတ်တဲ့ သမ္မတအိုဘားမားကို ဆန္ဒဖော်ထုတ်သူတွေက နှုတ်ဆက်ခဲ့ကြပါတယ်။ ဒါဟာ ဗဟိုတရားရုံးက သူတို့ရဲ့စိုးရိမ်မှုတွေကို အရေးတယူရှိနေတယ်ဆိုတဲ့ သဘောပါပဲ။ အခုဆိုရင် တရားသူကြီးတွေက အမေရိကန်နဲ့ ဖိလစ်ပိုင် လက်မှတ်ရေးထိုးခဲ့တဲ့ ကာကွယ်ရေး ပူပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးစာချုပ် (အီးဒီစီအေ)ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ လျှောက်ထားတဲ့ ကန့်ကွက်လွှာ တွေကို ပြန်လည်သုံးသပ်နေပါပြီ။

အွိုက်စတာစစ်အခြေစိုက်စခန်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အခု လောလောဆယ်မှာ ဆိုင်းငံ့ထားပေမယ့် ဒီကာလက သိပ်ကြာမှာ မဟုတ်ဘူးလို့ တပ်မှူးချုပ် ရာမွန်ဇတ်ဂလာက ဆိုပါတယ်။

မာကာရာစကာ့စ်မှာ ဆန်ကျင့်မှုတွေ ရှိနေပေမယ့် သူတို့ကျေးရွာလေးအနေနဲ့ ဒီစီမံကိန်းဟာ မကြာခင်မှာ ခွင့်ပြုချက်ရသွားမယ်လို့ မျှော်လင့်ထားကြောင်း ကျေးရွာခေါင်းဆောင် ဂျိန်းဗီလာရင်ကဆိုပါတယ်။

“အမေရိကန်ရေတပ်က ကျမတို့ရွာလေးရယ်၊ မူလတန်းကျောင်းရယ်ကို မနှစ်က လာသွားတယ်။”

ဒီအဖြစ်က ဒေသခံအများစုအဖို့ အမေရိကန်တွေကို ပိုပြီးလက်ခံသွားစေမယ့် အကြောင်းပဲလို့ သူမက ဆိုပါတယ်။

  • Previous story ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ
  • Next story အင်္ဂလန်တွင် ကျင်းပမည့် Miss World beauty 2014 ပြိုင်ပွဲအတွက် အလှမယ်ရွေးချယ်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 01 ဝယ်လက်မရှိသဖြင့် မုံရွာ ကျောက္ကာရေနံချက်ဖိုလုပ်ငန်း ၁၅၀ ခန့် ရပ်နား
    • 02 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 03 ဆလုံကျွန်းအနီး ငါးသယ်လှေနစ်မြုပ်၊ ရေကြောင်းရဲက ကူညီကယ်ဆယ်
    • 04 ကြို့ပင်ကောက် ရွှေညီလာခန်းမဆောင် ကွာရန်တင်းစင်တာကို ဦးဇင်းတပါးက မီးရှို့
    • 05 တန့်ဆည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၁ လုံးနှင့် ကား ၂ စီးဆုံးရှုံး
    • 01 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 02 လစ်ဗျား တာဟွန်နာမြို့တွင် အစုလိုက်မြှုပ်ထားသည့် မြေပုံထဲက အလောင်း ၂ လောင်း ထပ်တွေ့
    • 03 ဖာနန်ဒက်စ်ကို လီဗာပူးနည်းပြ ကလော့ပ်ချီးကျူး
    • 04 လားရှိုးတွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
    • 05 ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို နီပေါ တောင်တက်သမားများ အောင်မြင်စွာ တက်ရောက်နိုင်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.