ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

719
စက်တင်ဘာလ ၂၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချဲလ်ဆီး၊ မန်ယူနဲ့ မန်စီးတီးတို့ အနိုင်ရပြီး လီဗာပူး၊ အာစင်နယ်တို့ သရေကျသွားပါတယ်။
လီဗာပူးက အိမ်ကွင်းမှာ တဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေပြီး မိနစ် ၉ ၀ ကျမှ အဲဗာတန်ဖက်က ချေပဂိုး သွင်းယူပြီး သရေကျသွားတာပါ။ ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အော်စကာ၊ ကော်စတာနဲ့ ၀ီလျံတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူသွားတာပါ။ တိုက်စစ်မှူး ကော်စတာဟာ ချဲလ်ဆီးအတွက် ဒီရာသီအစမှာပဲ ၈ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။
မန်ယူက အိမ်ကွင်းမှာ ၀က်စ်ဟမ်းကို ၂ ဂိုး ၁ဂိုးနဲ့ နိုင်ပွဲရသွားပါတယ်။ မန်စီးတီးအသင်းလည်း အဝေးကွင်းမှာ ဟားစီးတီးကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူရဲ့ အနိုင်ဂိုးတွေကို ရွန်နီနဲ့ ဗန်ပါစီက သွင်းယူပေမယ့် ဒုတိယပိုင်းမှာ ရွန်နီ အနီကဒ်နဲ့ အထုတ်ခံရပြီး တယောက်လျော့နဲ့ အနိုင်ရလဒ်ကို ထိမ်းကစားနိုင်ခဲ့ပါတယ်။
အာစင်နယ်ကတော့ နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ တော့တင်ဟမ်နဲ့ တဂိုးစီ သရေကျသွားပါတယ်။
လောလောဆယ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးက ၁၆ မှတ်နဲ့ ဦးဆောင်နေပြီး ဆောက်သမ်တန်က ၁၃ မှတ်နဲ့ အဆင့် ၂၊ မန်စီးတီးက ၁၁ မှတ်နဲ့ အဆင့် ၃ မှာရှိ နေပါတယ်။
