ကင်မရွန်းတပ်နှင့် ဘိုကိုဟာရမ်သူပုန် တိုက်ပွဲဖြစ်၊ ဒုက္ခသည် ၄ သောင်းခန့် ထွက်ပြေး

ကင်မရွန်းနဲ့ နိုင်ဂျီးရီးယားနယ်စပ်က ကင်မရွန်းနိုင်ငံ မြောက်ပိုင်းမှာ စစ်တပ်နဲ့ ဘိုကိုဟာရမ်တွေကြား ဒီရက်ပိုင်းမှာ ပစ်ခတ်မှုတွေ အဆက်မပြတ် ဖြစ်နေပါတယ်။ ဘိုကိုဟာရမ်သူပုန်တွေက ကင်မရွန်းနယ်စပ်စခန်း ဖိုတိုကူးလ်နားက ဂမ်ဘိုရေးတံတားကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ Inyeshyamba-zo-mu-mutwe-wa-Boko-Haram-zitwaza-Korowani-zikica-abantuဘိုကိုဟာရမ်တပ်တွေဟာ နိုင်ဂျီးရီးယားဘက်ခြမ်းကနေ ကင်မရွန်းဘက်ခြမ်းကို လှမ်းပြီး ပစ်ခတ်နေလို့ ဒေသခံ လူထုကြား ကြောက်ရွံ့နေကြတာပါ။ ဘိုကိုဟာရမ်ခေါင်းဆောင် အဘူဘာခါ ရှယ်ခေါင်က သြဂုတ်လကုန်ပိုင်းက သူတပ်တွေဟာ ကင်မရွန်းနယ်စပ်နားက ဂွာဇာမြို့ကို သိမ်းခဲ့ပြီး ခုတော့ အစ္စလာမ္မစ်ဥပဒေနဲ့ အုပ်ချုပ်နေတယ်လို့ ရုပ်သံမှတ်တမ်းထဲမှာ ပြောပါတယ်။ ကင်မရွန်းကတော့ တပ်အင်အားတိုးချဲ့ချထားပြီး ဒေသတွင်း တပ်ဖွဲ့သစ်နဲ့ စစ်ဦးစီးမှူး သစ်တွေကို တာဝန်ချထားခဲ့ပါတယ်။ နိုင်ဂျီးရီးယားမြောက်ပိုင်းက ပြည်သူ ၄ သောင်းလောက် ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုကနေ ထွက်ပြေးပြီး ကင်မရွန်းနိုင်ငံထဲ ရောက်လာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအန်အိပ်ခ်ျစီအာ)က ဆိုပါတယ်။ ဒါပေမယ့် နယ်စပ်ကလည်း ဘေးမကင်းလို့ သူတို့ကို မီနာဝေါင်နယ်စပ်မြို့ကနေ ဒုက္ခသည်စခန်းထဲကို လွှဲပြောင်းနိုင်ရေး ယူအန်အိပ်ခ်ျစီအာက ကြိုးစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up